Connect with us

Africa & Middle East

၂၀၂၁ ခုနှစ်အတွက် ဆော်ဒီအာရေးဗျ Aramco ရေနံကုမ္ပဏီ၏ ဝင်ငွေ ဒေါ်လာ ၁၁၀ ဘီလီယံရှိ ၊ ၁၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ဟုဆို

ဆော်ဒီအာရေးဗျနိုင်ငံ၏ အကြီးဆုံးရေနံကုမ္ပဏီဖြစ်သည့် Aramco ပိုင် ရေနံပိုက်လိုင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ရီယာ့ဒ် ၊ မတ် ၂၁ ရက်(ဆင်ဟွာ)

ဆော်ဒီအာရေးဗျရေနံကုမ္ပဏီ(Aramco) က ၎င်း၏ ၂၀၂၁ ခုနှစ်အတွက် အသားတင်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၁၀ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၁၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မတ် ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဆော်ဒီအာရေးဗျ၏ အကြီးဆုံးရေနံကုမ္ပဏီကြီးဖြစ်သော Aramco က ၂၀၂၂ ခုနှစ်ပထမ သုံးလပတ်အတွင်း ၎င်းတို့၏ ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၈.၈ ဘီလီယံ အထိ ရရှိခဲ့ကြောင်းကိုလည်း ထုတ်ပြန်ထားသည်ဟု ယင်း၏ အင်တာနက်ဝက်ဆိုက် စာမျက်နှာပေါ်တွင် ထုတ်ပြန်ခဲ့သည်ကြေညာချက်တစ်စောင်အရ သိရသည်။

ထိုသို့ အသားတင်ဝင်ငွေ မြင့်တက်လာရခြင်းမှာ ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လာခြင်းကို ရောင်ပြန်ဟပ်လျက်ရှိကြောင်း နှင့် ရေနံသန့်စင်မှုအပိုင်း ပိုမိုအားကောင်းလာခြင်း နှင့် ဓာတုဒြပ်စင်များ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း ကုမ္ပဏီကပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၁ ခုနှစ်အတွင်း ကုမ္ပဏီ၏ ဝင်ငွေစီးဆင်းမှုသည် အမေရိကန်ဒေါ်လာ ၁၀၇.၅ ဘီလီယံ ထိရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ရရှိခဲ့သော ဝင်ငွေ ၄၉.၁ ဘီလီယံဖြင့် နှိုင်းယှဉ်ပါက ပမာဏကြီးမားစွာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
“ စီးပွားရေးအခြေအနေတွေက သိသိသာသာတိုးတက်ကောင်းမွန်ခဲ့တယ်ဆိုပေမယ့်လည်း အမျိုးမျိုးသော မက်ခရို-စီးပွားရေး နဲ့ ပထဝီနိုင်ငံရေး အကြောင်းတရားတွေကြောင့် မသေချာမရေရာမှုတွေကတော့ ရှိနေဆဲပါပဲ ” ဟု Aramco ၏ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ Amin H. Nasser က ပြောကြားခဲ့သည်။

၎င်း၏ ရေနံစိမ်းထုတ်လုပ်မှုတွင် အမြင့်ဆုံးပမာဏဖြင့် စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်သွားရန် ရည်မှန်းချက်နှင့်အတူ လာမည့် ၂၀၂၇ ခုနှစ်တွင် တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၁၃ သန်းအထိ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း နှင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကိုလည်း ပမာဏတစ်ဝက်အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။ (Xinhua)

………………………………
(English Version)
Saudi oil giant Aramco’s net income in 2021 rises by 124 pct
RIYADH, March 20 (Xinhua) — The Saudi Arabian Oil Company (Aramco) announced on Sunday its net income in 2021 rose by 124 percent, reaching 110 billion U.S. dollars.
The Saudi oil giant also declared a fourth-quarter dividend of 18.8 billion dollars, to be paid in the first quarter of 2022, according to a statement published on its website.
The company said the hike in net income reflects higher crude oil prices and stronger refining and chemicals margins, adding that its free cash flow was 107.5 billion U.S. dollars in 2021, compared to 49.1 billion U.S. dollars in 2020.
“Although economic conditions have improved considerably, the outlook remains uncertain due to various macro-economic and geopolitical factors,” Aramco’s president and CEO Amin H. Nasser said.
The company said it aims to raise the maximum sustainable capacity of crude oil to 13 million barrels per day by 2027 and increase gas production by half by 2030. ■

A file picture from the website of Saudi Arabia’s oil giant Aramco shows its oil facility. (Xinhua)