Connect with us

ASEAN

ဖိလစ်ပိုင်နိုင်ငံက ကလေးငယ်များအတွက် Sinovac COVID-19 ကာကွယ်ဆေး အရေးပေါ်အသုံးပြုရန် အတည်ပြု

ဖိလစ်ပိုင်နိုင်ငံ Pasay မြို့ရှိ ပြန်လည်ဖွင့်လှစ်သည့် အပန်းဖြေဥယျာဉ်တစ်ခု၌ ဆော့ကစားနေကြသူများအား ဖေဖော်ဝါရီ ၂၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ မတ် ၁၄ ရက်(ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) သည် ကလေးသူငယ်များအတွက် တရုတ်နိုင်ငံ၏ Sinovac COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခြင်းကို ခွင့်ပြုချက် အတည်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Francisco Duque က မတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ကာကွယ်ဆေးထိုးနှံသည့်နေရာတစ်ခု၌ Sinovac COVID-19 ကာကွယ်ဆေးပုလင်းတစ်လုံးအား ၂၀၂၁ ခုနှစ် မေလ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကျန်းမာရေးဝန်ကြီး Francisco Duque က အစိုးရအဖွဲ့အနေဖြင့် အသက် ၆ နှစ်နှင့်အထက် ကလေးသူငယ်များအား Sinovac COVID-19 ကာကွယ်ဆေး သို့မဟုတ် inactivated CoronaVac ကာကွယ်ဆေးအား မကြာမီတွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ဒီလိုထိုးနှံမှုတွေကို အကောင်အထည်ဖော်ဖို့ လုပ်ငန်းလည်ပတ်မှုအသေးစိတ်တွေကို ကျွန်တော်တို့ ကြည့်နေပါတယ်။ဒါပေမယ့် ဒါက သိပ်ကြာမှာတော့ မဟုတ်ပါဘူး။”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

CoronaVac သည် ဖိလစ်ပိုင်နိုင်ငံ၌ ကလေးငယ်များအား ထိုးနှံပေးရန် ခွင့်ပြုခဲ့သည့် ဒုတိယမြောက် COVID-19 ကာကွယ်ဆေး ဖြစ်သည်။ ဖိလစ်ပိုင် FDA သည် အစောပိုင်းတွင် ကလေးငယ်များအတွက် Pfizer ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံသို့ Sinovac ကာကွယ်ဆေး ပထမအသုတ် လှူဒါန်းခဲ့ပြီး နောက်တစ်ရက်အကြာမှာပင် ဖိလစ်ပိုင်နိုင်ငံသည် ကာကွယ်ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်မှုကို စတင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် မတ်လ ၁၀ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၁၃၈ သန်းစာ ထိုးနှံပေးထားပြီး ဖြစ်သည်။ လူပေါင်း ၆၄ သန်းကျော်မှာ အပြည့်အဝကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် ဖိလစ်ပိုင်နိုင်ငံသည် သေဆုံးသူ ၅၇,၆၁၀ ဦး အပါအဝင် COVID-19 ရောဂါဖြစ်ပွားသူ ၃ ဒသမ ၆၇ သန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
Philippines approves emergency use of Sinovac COVID-19 vaccine for children
MANILA, March 14 (Xinhua) — The Philippines’ Food and Drug Administration (FDA) has granted the emergency use authorization for China’s Sinovac COVID-19 vaccine for children, Health Secretary Francisco Duque said on Monday.
Duque said the government would soon administer the Sinovac COVID-19 vaccine, or the inactivated CoronaVac vaccine, to children aged six and above. “We are just looking at the operational details to implement this. But it will not take long,” Duque added.
CoronaVac is the second COVID-19 vaccine allowed to be administered to children in the Philippines. The FDA earlier granted emergency use of Pfizer vaccine for children.
The Sinovac vaccine is also the first vaccine delivered in Manila as China donated the first batch on Feb. 28 last year, allowing the country to kick off its vaccination drive the very next day.
The Philippines has administered over 138 million doses of COVID-19 vaccines as of March 10. More than 64 million people have been fully vaccinated.
The Philippines now has more than 3.67 million confirmed COVID-19 cases, including 57,610 deaths. Enditem
Photo 1- People play in a reopened amusement park in Pasay City, the Philippines, Feb. 24, 2022. (Xinhua/Rouelle Umali)
Photo 2 – A vial of the Sinovac COVID-19 vaccine is seen at a vaccination site in Manila, the Philippines on May 1, 2021. (Xinhua/Rouelle Umali)