Connect with us

Africa & Middle East

ဗုံးခြိမ်းခြောက်မှုကြောင့် ခရီးသည်တင်လေယာဉ်အား ဟန်ဂေရီ ဂျက်တိုက်လေယာဉ်များ ကြားဖြတ်ဟန့်တား

ပိုလန်နိုင်ငံ ဝါဆောမြို့ရှိ Chopin နိုင်ငံတကာလေဆိပ်မှ ပျံသန်းသွားသည့် လေယာဉ်တစ်စင်းအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဘူဒါပတ်/ဝါဆော ၊ မတ် ၂၁ ရက်(ဆင်ဟွာ)

လေယာဉ်ပေါ်တွင် ဗုံးတစ်လုံးပါသည်ဟူသော သတင်းပေးပို့ချက်လက်ခံရရှိခဲ့ပြီးနောက်တွင် ဟန်ဂေရီတိုက်ခိုက်ရေးဂျက်လေယာဉ်များသည် အရပ်သားလေယာဉ်တစ်စင်းအား ကြားဖြတ်ဟန့်တားမှုပြုလုပ်ရန် မတ် ၁၉ ရက် ညပိုင်းက အသင့်အနေအထား လုပ်ဆောင်ခဲ့ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ မတ် ၂၀ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟန်ဂေရီနိုင်ငံ ဘူဒါပတ်မြို့၌ ၂၀၂၁ ခုနှစ် ဩဂုတ် ၂၀ ရက်တွင် ကျင်းပသော လေကြောင်းပြပွဲတစ်ခု၌ ပျံသန်းနေကြသည့် လေယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

အရပ်ဘက်သုံးလေယာဉ်တစ်စင်းဖြစ်သည့် Airbus A321 လေယာဉ်ကြောင့် မတ် ၁၉ ရက် ညပိုင်းတွင် ဟန်ဂေရီ စစ်တပ်၏ Gripens ဂျက်တိုက်လေယာဉ်များအား အသင့်အနေအထားတပ်လှန့်ထားခဲ့ရကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါလေယာဉ်သည် ဂျော်ဂျီယာနိုင်ငံမှ ပိုလန်နိုင်ငံသို့ ပျံသန်းသွားလာသော လေယာဉ်တစ်စင်းဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“အရပ်ဘက် လေကြောင်းသွားလာရေးထိန်းချုပ်မှုဌာနက ဗုံးခြိမ်းခြောက်တဲ့အချက်ပြမှုတစ်ခုကို လက်ခံရရှိချိန်မှာ အဲဒီလေယာဉ်ဟာ ရိုမေးနီးယားလေကြောင်းပိုင်နက်ထဲ ပျံသန်းနေချိန်ဖြစ်ပါတယ်”ဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

အဆိုပါခရီးသည်တင်လေယာဉ်အား ရိုမေးနီးယားလေတပ်၏ လေယာဉ်များက ရိုမေးနီးယား-ဟန်ဂေရီ နယ်စပ်အထိ လိုက်ပါစောင့်ရှောက်ပို့ဆောင်ခဲ့ပြီး ထိုနေရာတွင် ဟန်ဂေရီစစ်တပ်၏ ဂျက်တိုက်လေယာဉ်များက တာဝန်လွှဲပြောင်းရယူခဲ့ကြောင်း ဟန်ဂေရီ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ဟန်ဂေရီ ဝန်ကြီးဌာနက A321 လေယာဉ်အား ဟန်ဂေရီလေကြောင်းပိုင်နက် အပြင်ဘက်ကို ပို့ဆောင်ခဲ့ပြီး ထိုနေရာတွင် ဆလိုဗက်ကီးယားလေတပ်၏ တာဝန်လွှဲပြောင်းရယူခဲ့ကြောင်း ဆိုသည်။

ဒေသတွင်း မီဒီယာများ၏ ဖော်ပြမှုအရ ယင်းလေယာဉ်သည် ဝါဆောလေဆိပ်၌ ည ၁၁ နာရီတွင် ဆင်းသက်ခဲ့သည်။ လေယာဉ် နှင့် ခရီးသည်များ၏ အထုတ်အပိုးများအား စစ်ဆေးပြီးနောက် လေယာဉ်ပေါ်တွင် အန္တရာယ်တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ထိုကဲ့သို့ ဗုံးခြိမ်းခြောက်မှုမျိုးသည် ရက်သတ္တပတ်အတွင်း ဒုတိယအကြိမ် ဖြစ်သည်။ မတ် ၁၄ ရက်ကလည်း လေယာဉ်တစ်စင်းသည် ဗုံးသယ်ဆောင်လာကြောင်း သတင်းပေးပို့ချက်ကို လေကြောင်းသွားလာမှုထိန်းချုပ်ရေးဌာနက လက်ခံရှိပြီးနောက် Gripen ဂျက်တိုက်လေယာဉ်များသည် အရပ်ဘက်လေယာဉ်တစ်စင်းအား ကြားဖြတ်ဟန့်တားရန် အရေးပေါ်ချက်ချင်းတက်သွားခဲ့ရကြောင်း သိရသည်။
လေယာဉ်ပေါ်တွင် ဗုံးတစ်လုံးပါရှိသည်ဆိုသည့် သတင်းပေးပို့ချက်ကို ဘဲလ်ဂရိတ်မြို့၏ လေကြောင်းထိန်းသိမ်းရေးမျှော်က ဟန်ဂေရီလေကြောင်းသွားလာမှုထိန်းချုပ်ရေးအား အသိပေးခဲ့ပြီးနောက်တွင် ဘဲလ်ဂရိတ်မှ မော်စကိုသို့ ဦးတည် ပျံသန်းသည့် ဆားဘီးယား Airbus A319 လေယာဉ်သည် ဟန်ဂေရီ – ဆလိုဗက်ကီးယား နယ်စပ်၌ ပြန်လှည့်လာခဲ့ရကြောင်း သိရသည်။

ယင်းလေယာဉ်မှာ ဆားဘီးယားလေယာဉ်တစ်စင်းဟု Gripens တိုက်လေယာဉ်များက ခွဲခြမ်းစိတ်ဖြာအတည်ပြုခဲ့ပြီး ဟန်ဂေရီနိုင်ငံ၏ လေပိုင်နက် ပြင်ပ ဆားဘီးယားနိုင်ငံဆီ ဦးတည်ပျံသန်းသည်အထိ အဆိုပါလေယာဉ်ကို လိုက်ပါစောင့်ရှောက်ပို့ဆောင်ပေးခဲ့သည်။ Gripens ဂျက်တိုက်လေယာဉ်များသည် Airbus A319 လေယာဉ် ဘေးကင်းစွာ ဆင်းသက်သည်အထိ နယ်စပ်အနီးတွင် ပျံသန်းနေခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
Hungarian fighter jets intercept passenger Airbus due to bomb threat
BUDAPEST/WARSAW, March 20 (Xinhua) — Hungarian fighter jets were alerted to intercept a civilian plane late Saturday night following information that the plane was carrying a bomb, the defence ministry said in a statement Sunday morning.
“The Hungarian Army’s Gripens were alerted on March 19 at night because of a civilian Airbus A321 aircraft,” the ministry said, adding that the plane was en route from Georgia to Poland.
“The plane was flying in Romanian airspace when it signaled a bomb threat to civilian air traffic control,” the statement added.
The passenger Airbus was escorted by the aircrafts of the Romanian Air Force to the Romanian-Hungarian border, where the task was taken over by the fighter jets of the Hungarian Armed Forces, according to the ministry.
The Hungarian ministry also informed that the A321 aircraft was escorted out of Hungarian airspace, where the Slovak Air Force took over.
According to local media, the plane landed after 11 p.m. at Warsaw airport. After checking the plane and passengers’ luggage, police announced that nothing dangerous was found onboard.
This type of bomb threat was the second one in a week. On Monday, the Gripen fighter jets were scrambled to intercept a civilian plane after air traffic control was told that the plane was carrying a bomb.
The Serbian Airbus A319 flying from Belgrade to Moscow was turned back at the Hungary-Slovakia border after Belgrade’s control tower told Hungarian air traffic control that the plane had a bomb on board.
The Gripens identified the Serbian aircraft and escorted it outside Hungary’s airspace towards Serbia. The Gripens remained in flight near the border until the Airbus A319 safely landed.■
Photo 1 – An aircraft takes off from Chopin International Airport in Warsaw, Poland, on July 1, 2020. (Photo by Jaap Arriens/Xinhua)
Photo 2 – Airplanes fly above the Danube river during an air show that celebrates Hungarian national holiday in Budapest, Hungary on Aug. 20, 2021. (Photo by Attila Volgyi/Xinhua)