Connect with us

Eastern Europe

ရုရှားနှင့် ယူကရိန်းတို့ တင်းမာမှုများဖြေလျှော့ရန်နှင့် အကျိုးစီးပွားများ ကာကွယ်ရန် ဆက်လက်ကြိုးပမ်းအားထုတ်လျက်ရှိ

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် မျက်နှာချင်းဆိုင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ မပြုလုပ်မီ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (လယ်) အား ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်များနှင့်အတူ မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ယူကရိန်း၌ လွန်ခဲ့သောလအတွင်း အကြီးအကျယ်ဖြစ်ပွားနေသော ပဋိပက္ခများအား နိုင်ငံရေးအရ အဖြေရှာရန် ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အကြိမ်ရေများစွာ ဆောင်ရွက်ခဲ့ကြသည်။နှစ်ဘက် ကိုယ်စားလှယ်များကလည်း ရည်ညွှန်းထားပြီးသည့်အတိုင်း အဆိုပါ ဆွေးနွေးပွဲများ၏ ရလဒ်များသည် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား တင်းမာမှုများ အရှိန်လျှော့ချရေးအတွက် အရေးပါသော အုတ်မြစ်အဖြစ် ထားရှိရန် မျှော်မှန်းထားသော်လည်း အဓိကကျသော ကွဲပြားခြားနားမှုများကိုမူ အဖြေရှာနိုင်ခြင်းမရှိသေးပေ။

လွန်ခဲ့သည့် သီတင်းပတ်က အစ္စတန်ဘူလ်တွင် နောက်ဆုံးမျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှု၌ ယူကရိန်းနိုင်ငံ အနေဖြင့် ၎င်းတို့၏ အဆိုပြုချက်များကို ရုရှားနိုင်ငံအား ပေးအပ်ခဲ့ကြောင်း၊ အဆိုပြုချက်များတွင် ကိဗ်က မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) သို့ ဝင်ရောက်ခြင်းမပြုရန်၊ ၎င်း၏ နယ်မြေပိုင်နက်ပေါ်၌ ပြည်ပစစ်အခြေစိုက်စခန်းများနှင့် တပ်ဖွဲ့ဝင်များ တပ်ဖြန့်ထားခြင်းကို ငြင်းပယ်ရန်၊ ကြားနေနိုင်ငံအဖြစ် ၎င်းတို့၏ ရပ်တည်ချက်ကို သတ်မှတ်ရန် အသင့်ရှိမှုနှင့် နျူကလီးယားလက်နက်များ နှင့် အခြားဖျက်အားပြင်းလက်နက်များအား လုံးဝ စွန့်လွှတ်ရန်ဆန္ဒရှိမှု စသည်တို့ပါဝင်ကြောင်း သိရသည်။

ရုရှားနိုင်ငံ သမ္မတလက်ထောက်နှင့် ရုရှား ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် Vladimir Medinsky က ယူကရိန်းနိုင်ငံ အနေဖြင့် “နှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ်” ရုရှားနှင့် ဆွေးနွေးညှိနှိုင်းရန် အဆင်သင့်ရှိမှုကို ဖော်ပြလျက်ရှိကြောင်း ပြောကြားခဲ့သလို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) ကလည်း ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုများမှ အပြုသဘောဆောင်သော အချက်များ မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကိဗ်နှင့် ချာနီဟိဗ်မှာ စစ်ရေးလှုပ်ရှားမှုများကို သိသိသာသာလျှော့ချရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်အား စစ်ရေးအရှိန်လျှော့ချရေးဆီ ဦးတည်သော လှုပ်ရှားမှုနှင့် နောက်ထပ်စေ့စပ်ညှိနှိုင်းမှုများအတွက် အခွင့်သာစေသော အခြေအနေများ ပိုမိုဖန်တီးပေးရန် ကြိုးပမ်းအားထုတ်မှုအဖြစ် မြင်တွေ့နိုင်သည်။

ထို့ပြင် သံတမန်ရေးရာ ချဉ်းကပ်မှုများသည် နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ ရုရှားအနေဖြင့် နိုင်ငံ၏ စီးပွားရေး အကျိုးစီးပွားကို ကာကွယ်ရန် စီမံဆောင်ရွက်ချက်များစွာကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပူတင်က “ချစ်ကြည်ရင်းနှီးမှုမရှိသော” နိုင်ငံနှင့် ဒေသများနှင့် သဘာဝဓာတ်ငွေ့ ကုန်သွယ်ရောင်းချမှုဆိုင်ရာ ဥပဒေသစ်များ ပါဝင်သော အမိန့်တစ်ရပ်ကို မတ် ၃၁ ရက်က လက်မတ်ရေးထိုးခဲ့ကာ ဝယ်ယူသူများအနေဖြင့် ရူဘယ်ငွေကြေးဖြင့် ပေးချေရန် ငြင်းပယ်ပါက ရှိနှင့်ပြီးသား စာချုပ်များ ရပ်ဆိုင်းရန်လည်း ပြောကြားခဲ့သည်။

ယင်းသို့ဆောင်ရွက်ခြင်းသည် “ရုရှား၏ ငွေကြေးနှင့် စီးပွားရေးအချုပ်အခြာ ခိုင်မာတောင့်တင်းလာစေရေး အရေးပါသောခြေလှမ်းတစ်ရပ်” ဖြစ်ကြောင်းနှင့် အနောက်နိုင်ငံများအနေဖြင့် ငွေကြေးစနစ်ကို လက်နက်သဖွယ် အသုံးပြုလျက်ရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် “ချစ်ကြည်ရင်းနှီးမှုမရှိသော နိုင်ငံများ” မှ နိုင်ငံသားများအတွက် ပြည်ဝင်ခွင့် တင်းကျပ်မှုများ ထည့်သွင်းထားသော အမိန့်တစ်ရပ်ကိုလည်း ရုရှား သမ္မတက ဧပြီ ၄ ရက်၌ လက်မှတ်ရေးထိုးခဲ့ပြီး ဥရောပသမဂ္ဂမှ ပြုလုပ်သည့် ရန်လိုသောဆောင်ရွက်ချက်များကို လက်တုန့်ပြန်ရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ပဋိပက္ခများ စတင်ဖြစ်ပွားချိန်မှ၍ နိုင်ငံတကာအသိုင်းအဝိုင်းတို့သည် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေး ကြိုးပမ်းအားထုတ်မှုတိုင်းကို ပံ့ပိုးလျက်ရှိသည်။

တူရကီနိုင်ငံကလည်း လာမည့်သီတင်းပတ်များအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လက်ခံကျင်းပနိုင်မည်ဖြစ်ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

၎င်းအနေဖြင့် တွေ့ဆုံဆွေးနွေးပွဲအတွက် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleb နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့နှင့် အဆက်အသွယ်ပြုလုပ်ခဲ့ကြောင်း ပြောခဲ့သည်။ (Xinhua)

—————————

(English Version)

World Insights: Russia, Ukraine continue efforts to ease tensions, defend interests

2022-04-05 14:19:04 Category:Politics, Law
MOSCOW, April 5 (Xinhua) — Moscow and Kiev have conducted several rounds of peace talks with the aim of searching for a political settlement to the ongoing crisis in Ukraine, which has intensified over the past month.

The outcomes of these talks, as delegations from both sides have indicated, are expected to lay an important foundation for de-escalation of tensions between Russia and Ukraine, but key divergences have yet to be resolved.

The latest round of face-to-face negotiations in Istanbul last week resulted in Kiev handing Moscow its proposals, which contained its refusal to join the North Atlantic Treaty Organization and deploy foreign military bases and troops on its territory, its readiness to fix its current status as a non-bloc state, and willingness to renounce nuclear weapons as well as other weapons of mass destruction.

Ukrainian President Volodymyr Zelensky said that he saw positive signals from the peace negotiations, while Vladimir Medinsky, Russian presidential aide and head of Russia’s negotiation team, said that Ukraine has demonstrated its readiness to negotiate with Russia “for the first time in years.”

Meanwhile, both sides have confirmed that they were continuing talks in an online format since Friday.

Ukrainian negotiator David Arakhamia said that the two sides would intensify efforts to work out an agreement needed for a meeting between Zelensky and Russian President Vladimir Putin.

Medinsky said Russia saw that Ukraine had taken “a more realistic approach” to talks, but the draft agreement was not sufficient for a potential meeting between the Russian and Ukrainian leaders.

The Russian side has said repeatedly that a meeting at the highest level would only be possible when a clear draft treaty was formulated, and both sides agreed on key aspects.

Ivan Timofeev, director of programs at the Russian International Affairs Council, said that the Russian and Ukrainian leaders could potentially meet in person, but only when all negotiation parameters are agreed upon.

“There is a theoretical possibility of such a meeting, but a practical basis has not yet been prepared,” Timofeev said.

Vladimir Zharikhin, deputy director of the Commonwealth of Independent States Institute, said that the latest round of negotiations is just one stage of the process, and it is by no means over.

“Russia received an offer from Ukraine, these proposals are necessary, but still insufficient for concluding a peace agreement,” he said.

While the results of the ongoing talks and statements made by both sides prompted “cautious optimism,” it is also clear that both Moscow and Kiev are making every effort to ensure their respective economic, diplomatic and security interests are met.

The Russian defense ministry has decided to significantly reduce military activities from Kiev and Chernihiv directions. The decision can be seen as a move towards de-escalation, and an effort to create more favorable conditions for further negotiations.

Besides diplomatic approaches aimed at defending its security interests, Russia has also taken a series of measures to protect the country’s economic interests.

Putin signed a decree on Thursday on new rules of natural gas trade with “unfriendly” countries and regions, vowing to halt existing contracts if these buyers refuse to pay in rubles.

He said this was an “important step towards strengthening Russia’s financial and economic sovereignty,” adding that western countries have used the financial system as a weapon.

The Russian president also signed a decree on Monday introducing visa restrictions for citizens from “unfriendly countries,” a decision made in retaliation to hostile measures taken by the European Union.
Since the outbreak of the conflict, the international community has been supporting Russia-Ukraine peace talks as well as any efforts taken to reach a peace deal.

Turkish Foreign Minister Mevlut Cavusoglu said Thursday that the country could host Ukrainian and Russian foreign ministers for peace talks within the following weeks.
The minister said he was in contact with both Ukrainian Foreign Minister Dmytro Kuleba and his Russian counterpart Sergey Lavrov for the meeting. Enditem

Photo : Turkish President Recep Tayyip Erdogan (C) meets with Russian and Ukrainian delegations before a fresh round of face-to-face peace talks in Istanbul, Turkey, March 29, 2022. (Xinhua)