Connect with us

COVID-19 UPDATES

ယခုနှစ်အတွင်း ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း လေးခုက ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ခွင့်ပြုရန် တိုက်တွန်း

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့တွင် မိန်းကလေးတစ်ဦးအား COVID-19 ကာကွယ်ဆေးထိုးနှံပေးနေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးကို မတ် ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

ဝါရှင်တန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF) နှင့် အခြား ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်း သုံးခုက ယခုနှစ်အတွင်း ကပ်ရောဂါများတိုက်ဖျက်ရန်နှင့် ပြည်တွင်းနှင့် ပြည်ပ ကျန်းမာရေးစနစ်များ အားကောင်းမှုရှိစေရန် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ခွဲဝေသတ်မှတ်ရန် ဧပြီ ၅ ရက်က တိုက်တွန်းပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် COVID-19 ရောဂါစစ်ဆေးရေးစောင့်ကြည့်နေရာတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကနေဒါနိုင်ငံ တိုရန်တိုမြို့ရှိ ကာကွယ်ဆေးထိုးနှံရေးနေရာ အပြင်ဘက်တွင် နှာခေါင်းစည်းတပ်ဆင်ထားသော ကလေးငယ်တစ်ဦးအား COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်းလက်မှတ်နှင့် အမှတ်တရဓာတ်ပုံရိုက်နေသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူးစက်ရောဂါများ ပြင်ဆင်ရေးတီထွင်ဆန်းသစ်မှုဆိုင်ရာ မဟာမိတ် (CEPI) နှင့် မိတ်ဖက်ဖြစ်သော IMF ၊ Global Fund နှင့် Wellcome Trust တို့က နိုင်ငံတကာအသိုင်းအဝိုင်းထံမှ “ဘက်စုံ” နှင့် “ပေါင်းစည်းမှုရှိသော” ကပ်ရောဂါအား ပိုမိုတုန့်ပြန်ရေးအတွက် တိုက်တွန်းထားသည့် “ကာလရှည် ကိုဗစ်-၁၉ (COVID-19) ရောဂါအန္တရာယ်အား စီမံကိုင်တွယ်ရန် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ” လုပ်ငန်းစာတမ်းတစ်ခု ထုတ်ဝေခဲ့သည်။

“ဒါက ကိုဗစ်-၁၉ ရောဂါဟာ ကာလရှည်အတွက် ကျွန်ုပ်တို့နှင့် အတူရှိနေမည်ဖြစ်ကြောင်းနှင့် အားပျော့သော ပုံမှန်ဖြစ်ပွားလေ့ရှိသည့် ရောဂါဖြစ်နိုင်ခြေ အခြေအနေများမှ အန္တရာယ်ရှိသော မျိုးဗီဇပြောင်း ရောဂါဖြစ်နိုင်ခြေ အခြေအနေများအထိ မည်သို့ ဆင့်ကဲပြောင်းလဲနိုင်သလဲဆိုတာက အလွန်ခက်ခဲသော ဖြစ်နိုင်ခြေတွေ ရှိတယ်ဆိုတာကို သက်သေဖော်ပြမှုအသစ်ပဲဖြစ်ပါတယ်” ဟု လုပ်ငန်းစာတမ်း မှတ်ချက်ပြုခဲ့သည်။

“ဒီဆောင်ရွက်မှုက မသေချာမှုနဲ့ ကာလရှည် ကိုဗစ်-၁၉ ရောဂါအန္တရာယ် နှစ်ခုလုံးကို စီမံခန့်ခွဲဖို့ မဟာဗျူဟာအသစ်အတွက် တိုက်တွန်းလိုက်ပါတယ်” ဟု စာတမ်းက ဆက်လက်ဖော်ပြထားသည်။

“ခြုံပြောရရင် ကျန်းမာရေးဘေးကင်းမှုက စီးပွားရေး ဘေးကင်းမှုပါပဲ” ဟု ယခင်က IMF ၏ စီးပွားရေးပညာရှင် အကြီးအကဲဖြစ် တာဝန်ထမ်းဆောင်ခဲ့သော IMF ၏ ပထမ လက်ထောက် မန်နေဂျင်းဒါရိုက်တာ Gita Gopinath က ပြောကြားခဲ့သည်။ “နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကပ်ရောဂါဆိုင်ရာ ငွေကြေးက ကမ္ဘာ့စီးပွားရေး တစ်ခုလုံးကို အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းပေးတယ်ဆိုတာကို နားလည်သဘောပေါက်သင့်တယ်”

IMF ၏ နောက်ဆုံးထွက်ရှိထားသော ဇန်နဝါရီလ ကမ္ဘာ့စီးပွားရေးအလားအလာ ရှုမြင်သုံးသပ်ချက်က ကပ်ရောဂါမှ တစ်စတစ်စဆုံးရှုံးမှုများသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ ဒေါ်လာ ၁၃.၈ ထရီလီယံ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း Gopinath က ခန့်မှန်းထားသည်။

၎င်း၏ မှတ်ချက်များအား ထပ်တူပြုလျက် Wellcome Trust ညွှန်ကြားရေးမှူးနှင့် နာမည်ကျော် ဆေးဘက်ဆိုင်ရာ သုတေသီ Jeremy Farrar က “အခုက အရှိန်လျှော့ချဖို့ အချိန်မဟုတ်ပါဘူး။ ဗိုင်းရပ်စ်ရဲ့ နောက်ထပ်လှုပ်ရှားမှုက ဘာမဆိုဖြစ်နိုင်ဖို့ သေချာပါတယ်။ ပြီးတော့ မျိုးဗီဇကွဲအသစ် အန္တရာယ်ကလည်း မြင့်မားနေဆဲပါပဲ” ဟု ပြောကြားခဲ့သည်။

“ရောဂါကူးစက်မှုတွေကို တားဆီးနိုင်ပြီး အဆုံးမရှိတဲ့အားဖြည့်ကာကွယ်ဆေးတွေ မလိုအပ်နိုင်တော့တဲ့ ကာကွယ်ဆေးမျိုးဆက်သစ်တွေအပေါ် အာရုံစိုက်ရန်၊ ကမ္ဘာတစ်ဝန်း မျိုးဗီဇအစီအစဉ်စောင့်ကြည့်မှု အားကောင်းမှသာ မျိုးဗီဇပြောင်းဗိုင်းရပ်စ်တွေကို အမျိုးအစားခွဲခြားနိုင်ဖို့နဲ့ ခြေရာခံနိုင်ဖို့ အားကောင်းရန်နှင့် ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးများ၊ ကုသမှုများနှင့် ရောဂါစစ်ဆေးမှုများ ရရှိမှုမြှင့်တင်ရန် လိုအပ်တယ်” ဟု Farrar က ပြောခဲ့သည်။

အသစ်ထုတ်ပြန်လိုက်သော လုပ်ငန်းစာတမ်းတွင် မူဝါဒ လေးခု ပါဝင်နေကြောင်း၊ ၎င်းတို့မှာ အရင်းအမြစ်အစုံ ခြုံငုံမိစေရန် ကာကွယ်ဆေးများနောက်ဝယ် သာတူညီမျှ ရရှိရေး၊ ဗိုင်းရပ်စ် ဆင့်ကဲပြောင်းလဲမှုနှင့် အရင်းအမြစ်အစုံအား တက်ကြွစွာအဆင့်မြှင့်တင်ရေး၊ ကိုဗစ်-၁၉ ရောဂါအား အကြီးအကျယ် တုန့်ပြန်နေရာမှ ရေရှည်တည်တံ့သော မဟာဗျူဟာအထိ ကူးပြောင်းရေး၊ အခြားကျန်းမာရေးနှင့် လူမှုရေးဦးစားပေးမှုများ ချိန်ညှိရေးနှင့် ပေါင်းစည်းရေး၊ ကိုဗစ်-၁၉ အလွန် အနာဂတ် ကူးစက်ရောဂါကို ပေါင်းစည်းထားသည့် အန္တရာယ်လျော့ပါးသော ချဉ်းကပ်မှု ပြဋ္ဌာန်းရေး တို့ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပြည်တွင်းရော ပြည်ပတွင်ပါ ကပ်ရောဂါများ တိုက်ဖျက်ရန် ထပ်တိုးရန်ပုံငွေဖြည့်တင်းခြင်း ခွဲဝေသွားသင့်ကြောင်းနှင့် ကျန်းမာရေးစနစ်များ အားကောင်းသင့်ကြောင်း စာတမ်းက ရည်ညွှန်းဖော်ပြထားသည်။ ယခုနှစ် ထောက်ပံ့ကြေးများအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့် လိုအပ်မည်ဖြစ်ကြောင်းနှင့် ယင်းနောက် နှစ်စဉ် ဒေါ်လာ ၁၀ ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

“ကုန်ကျစရိတ်ကတော့ကြီးပါတယ်။ ဒါပေမဲ့ အခုချိန် ရင်းနှီးမြှုပ်နှံဖို့နဲ့ ကိုဗစ်-၁၉ ရောဂါတုန့်ပြန်ရေးမှာ အမြတ်အစွန်းပေါ်မှာ မူတည်ထားခြင်းဟာ မျိုးဆက်များအတွက် ဂယက်ရိုက်စေနိုင်မည့် လူသားနှင့် စီးပွားရေး ကုန်ကျစရိတ်များ၌ တွေ့ကြုံရမည်ဖြစ်ကြောင်း CEPI ၏ စီအီးအို Richard Hatchett က ပြောခဲ့သည်။

“အနာဂတ်မှာ ကျွန်တော်တို့ဟာ ရက်ပေါင်း ၁၀၀ အတွင်း ကာကွယ်ဆေးအသစ်၊ ကုသနည်းနဲ့ ရောဂါရှာဖွေခြင်းတွေိနဲ့ လာမည့် ရောဂါ X ကို တုန့်ပြန်ဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းရှိ အစိုးရတွေကနေ ရူပါရုံ၊ နိုင်ငံရေးဆန္ဒနဲ့ အချိုးကျကျ ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ဆောင်သွားရပါလိမ့်မယ်” ဟု Hatchett က ဆိုသည်။

ထို့ပြင် Global Fund အမှုဆောင်ဒါရိုက်တာ Peter Sands က ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ခြင်း နောက်တစ်ဆင့်က ကွဲပြားလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောခဲ့သည်။ “ကျွန်တော်တို့ဟာ ဆက်လက်ပြီး ဆင့်ကဲပြောင်းလဲနေတဲ့ ဗိုင်းရပ်စ်ကို ကာလရှည် တိုက်ခိုက်နေကြရတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါတုန့်ပြန်ရေး၊ HIV, TB (Tuberculosis) နဲ့ ငှက်ဖျားရောဂါ စတဲ့ အစောပိုင်း ကပ်ရောဂါတွေကို ကိုင်တွယ်ခြင်းနဲ့ အနာဂတ်မှာ ကပ်ရောဂါခြိမ်းခြောက်မှုတွေအတွက် ပြင်ဆင်ခြင်း စတာတွေကြား ချိတ်ဆက်မှုကို နားလည်သဘောပေါက်ပြီး ပိုမိုတည်တံ့တဲ့ တုန့်ပြန်မှုကို ပြောင်းကိုပြောင်းရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

………………………………………………
(English Version)

Four global organizations urge 15 bln USD grants this year to fight pandemics
Source: XinhuaEditor: huaxia2022-04-06 07:30:12
WASHINGTON, April 5 (Xinhua) — The International Monetary Fund (IMF) and three other global organizations on Tuesday urged the allocation of 15 billion U.S. dollars in grants this year to fight pandemics and strengthen health systems both domestically and overseas.

The IMF, in partnership with the Coalition for Epidemic Preparedness Innovations (CEPI), the Global Fund, and Wellcome Trust, published “A Global Strategy to Manage the Long-term Risks of COVID-19” working paper, which calls for a more “comprehensive” and “integrated” pandemic response from the international community.

“It is now evident that COVID-19 will be with us for the long term, and there are very different scenarios for how it could evolve, from a mild endemic scenario to a dangerous variant scenario,” the working paper noted.

“This realization calls for a new strategy that manages both the uncertainty and the long-term risks of COVID-19,” it continued.

“Overall, health security is economic security,” said IMF’s First Deputy Managing Director Gita Gopinath, who previously served as the Fund’s chief economist. “The international community should recognize that its pandemic financing addresses a systemic risk to the global economy.”

Gopinath noted that the IMF’s January World Economic Outlook Update estimated the cumulative losses from the pandemic to reach 13.8 trillion dollars from 2020 to 2024.

Echoing her remarks, Jeremy Farrar, director of Wellcome Trust and a renowned medical researcher, said “now is not the time to ease up,” noting that the virus’ next move is “anything but certain” and the risk of new variants remains high.

“We need to set our sights on developing next generation vaccines that can block transmission and won’t require endless boosters, strengthening genomic surveillance globally so we can identify and track new variants and improving global access to vaccines, treatments and tests,” Farrar said.

The newly released working paper laid out four policy implications: achieve equitable access beyond vaccines to encompass a comprehensive toolkit; monitor the evolving virus and dynamically upgrade the toolkit; transition from the acute response to a sustainable strategy toward COVID-19, balanced and integrated with other health and social priorities; adopt a unified risk-mitigation approach to future infectious disease threats beyond COVID-19.

Accordingly, the international community should allocate additional funding to fight pandemics and strengthen health systems both domestically and overseas, the paper argued. This will require about 15 billion dollars in grants this year and 10 billion dollars annually after that.

“This price tag is substantial, but failure to invest now – and build on the gains made in the response to COVID-19 – will result in human and economic costs that will reverberate for generations,” said Richard Hatchett, CEO of CEPI.
“A future in which we are to respond to the next Disease X with new vaccines, therapeutics, and diagnostics in just 100 days is possible – but it will take vision, political will, and commensurate financial investments from governments around the world,” Hatchett said. ■
Photo 1 : A medical worker administers a dose of COVID-19 vaccine to a girl in Bangalore, India, March 16, 2022. (Str/Xinhua)
Photo 2 : A medical staff member adjusts a sign in the wind at a fast COVID-19 test screening tent in Paris, France, April 1, 2022. (Xinhua/Gao Jing)
Photo 3 : A boy wearing a face mask poses for photos with a COVID-19 vaccination “passport” after being vaccinated outside a vaccination site in Toronto, Canada, on Dec. 12, 2021. (Photo by Zou Zheng/Xinhua)