Connect with us

China

BRI တွင် ပါဝင်သောနိုင်ငံများ၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဇန်နဝါရီလမှ မေလအတွင်း တိုးမြင့်လာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ အလိုအလျောက် ကွန်တိန်နာတင်ဆိပ်ကမ်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) တွင် ပါဝင်သော နိုင်ငံများ၌ တရုတ်နိုင်ငံ၏ ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (ODI) မှာ ပထမငါးလအတွင်း မြင့်တက်လာခဲ့ကြောင်း တရားဝင်အချက်အလက်အရ သိရသည်။

အဆိုပါ ကာလအတွင်း BRI နိုင်ငံများအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုမှာ မနှစ်ကထက် ၁၃.၈ ရာခိုင်နှုန်း တိုးချဲ့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၇.၄၃ ဘီလီယံရှိခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၇.၂ ရာခိုင်နှုန်း ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဇန်နဝါရီလမှ မေလအထိ တရုတ်နိုင်ငံ၏ စုစုပေါင်း ODI မှာ ၂၀၂၀ ပြည့်နှစ် အလားတူကာလမှ အမေရိကန်ဒေါ်လာ ၄၃.၂၉ ဘီလီယံအထိ ၂.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အထူးသဖြင့် ထုတ်လုပ်ရေးနှင့် သတင်းအချက်အလက် ထုတ်လွှင့်မှုကဏ္ဍများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုသည် ဆက်လက်တိုးတက်ခဲ့ကြောင်း၊ ထုတ်လုပ်ရေးကဏ္ဍ၌ ပထမငါးလအတွင်း ဒေါ်လာ ၇.၂ ဘီလီယံရှိခဲ့ရာ မနှစ်ကထက် ၁၁.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ပြည်တွင်း စီးပွားရေးလုပ်ငန်းများမှ ODI မှာ ဒေါ်လာ ၃၂.၇၅ ဘီလီယံအထိ ရောက်ရှိလာခဲ့ကြောင်းနှင့် ယင်းကာလရှိ စုစုပေါင်း ODI ၏ ၇၅.၇ ရာခိုင်နှုန်းရှိကြောင်း ဝန်ကြီးဌာနအရ သိရသည်။ (Xinhua)

————————————
(English Version)
China’s investment into BRI countries expands in Jan.-May
Source: Xinhua| 2021-06-17 20:27:16|Editor: huaxia
BEIJING, June 17 (Xinhua) — China’s outbound direct investment (ODI) into countries involved in the Belt and Road Initiative (BRI) increased in the first five months, official data showed.
During the period, such investment into BRI countries expanded 13.8 percent year on year to 7.43 billion U.S. dollars, accounting for 17.2 percent of the total, according to the Ministry of Commerce.
From January to May, the country’s total ODI rose 2.6 percent to 43.29 billion dollars from the same period in 2020, the ministry said.
Specifically, outbound investment into manufacturing and information transmission sectors continued to grow. The manufacturing sector attracted 7.2 billion dollars in the first five months, up 11.8 percent year on year.
The ODI from China’s local enterprises reached 32.75 billion dollars, up 3.8 percent from a year earlier and accounting for 75.7 percent of the total ODI in the period, according to the ministry. Enditem
Photo taken on May 16, 2018 shows an automatic container dock in Qingdao, east China’s Shandong Province. (Xinhua/Wang Peike)