Connect with us

COVID-19 UPDATES

COVID-19 ရောဂါကူးစက်ခံရခြင်းကြောင့် အီရန်ုနိင်ငံခြားရေးဝန်ကြီး သီးသန့်ခွဲနေထိုင်

အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian အားတွေ့ရစဉ် (ဓာတ်ပုံ-- Hossein Amir Abdollahian)

တီဟီရန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian သည် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြပြီးနောက် ၎င်းသည် သီးသန့်ခွဲနေထိုင်လျက်ရှိကြောင်း နိုဝင်ဘာ ၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဌာနက အတည်ပြုခဲ့သည်။

“သူ့ရဲ့ အထွေထွေကျန်းမာရေးအခြေအနေက ကောင်းမွန်ပြီး နေ့စဉ်အလုပ်တွေကို သီးသန့်နေထိုင်ရင်းလုပ်ဆောင်နေပါတယ်’’ ဟု ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Saeed Khatibzadeh က နိုင်ငံပိုင် IRNA သတင်းဌာနကို ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး၏ အစီအစဉ်များ ပြောင်းလဲသွားကြောင်း Khatibzadeh က အတည်ပြုခဲ့ပြီး “သူ့ကိုသီးခြားခွဲနေထိုင်ဖို့ ဆရာဝန်က တောင်းဆိုခဲ့တာပါ’’ ဟု ဆိုသည်။

Tasnim သတင်းဌာနကဲ့သို့ သော အီရန် သတင်းဌာန ကလည်း နိုင်ငံခြားရေးဝန်ကြီး Amir Abdollahian တွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်နိုဝင်ဘာ ၁ ရက် အစောပိုင်းကဖော်ပြခဲ့သည်။ (Xinhua)

———————————–
(English Version)
Iran’s FM in quarantine for COVID-19: spokesman
TEHRAN, Nov. 1 (Xinhua) — Iranian Foreign Minister Hossein Amir Abdollahian has been in quarantine, the Foreign Ministry confirmed on Monday, after local media reported the foreign minister has been infected with the COVID-19 virus.
“His general condition is good and he is doing his daily work in quarantine,” the ministry’s spokesman Saeed Khatibzadeh told official IRNA news agency.
Khatibzadeh confirmed the change in the schedule of programs of the foreign minister, saying that “the doctor has required him to remain in quarantine.”
Earlier in the day, Iranian media like Tasnim news agency said Amir Abdollahian tested positive for the virus on Monday. Enditem