Connect with us

Media

၅ ကြိမ်မြောက် တီဟီရန် မော်တော်ကားပြပွဲ စတင်ကျင်းပ

တီဟီရန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ Shahr-e Aftab International Exhibition Center ၌ ၅ ကြိမ်မြောက် တီဟီရန် မော်တော်ကားပြပွဲကို ဇန်နဝါရီ ၂၉ ရက်က စတင်ကျင်းပခဲ့သည်။

မော်တော်ကားထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းနှင့် အပိုပစ္စည်းများ ထုတ်လုပ်၊တင်သွင်းခြင်းဆိုင်ရာ ကုမ္ပဏီများက စတုရန်းမီတာ ၆၀,၀၀၀ ကျယ်ဝန်းသော ဧရိယာတွင် ၎င်းတို့၏ နောက်ဆုံးထွက်ကုန်များနှင့် အောင်မြင်မှုများကို ပြသခဲ့သည်။

အဆိုပါကုန်စည်ပြပွဲမှာ အီရန်နိုင်ငံ၏ မော်တော်ယာဉ်လုပ်ငန်းတွင် အကြီးဆုံးအခမ်းအနားဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက် အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
5th Tehran Auto Expo kicks off
The 5th Tehran Auto Expo kicked off on Monday at Shahr-e Aftab International Exhibition Center in Iran’s capital city of Tehran.
Companies in the areas of car manufacture, assembly and producing and importing spare parts displayed their latest products and achievements in an area measuring 60,000 square meters.
The expo is Iran’s biggest event in the auto industry and it will continue until Sunday.
Xinhua News Agency correspondents reporting from Tehran. (XHTV)