Myanmar
မြန်မာနိုင်ငံ အရှေ့ပိုင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၈,၀၀၀ ပြား သိမ်းဆည်းရမိ
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၈,၀၀၀ ပြားနှင့် ဘိန်းဖြူ ၂၂၀ ဂရမ်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း CCDAC MYANMAR ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ အောက်တိုဘာ ၂၄ ရက်က ရပ်စောက်မြို့၊ ဗထူးရပ်ကွက်၊ ကျောက်ဂူ – ရပ်စောက်သွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မော်တော်ယာဉ်တစ်စီးပေါ်မှ ယင်းမူးယစ်ဆေးဝါးများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းမူးယစ်ဆေးဝါးများမှာ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၂.၃ သန်းရှိကာ သံသယရှိသူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ သံသယရှိသူအား ရပ်စောက်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
238,000 stimulant tablets seized in eastern Myanmar
YANGON, Oct. 26 (Xinhua) — Myanmar police seized 238,000 stimulant tablets and 220 grams of heroin in eastern Myanmar’s Shan state, according to the Central Committee for Drug Abuse Control (CCDAC).
Acting on a tip-off, the joint anti-narcotic task force intercepted a vehicle in the state’s Yatsauk township on Oct. 24 and confiscated the drugs.
The seized drugs had a street value of 122.3 million kyats (about 58,238 U.S. dollars). A suspect was arrested.
The suspect has been charged under the Southeast Asian country’s Narcotic Drugs and Psychotropic Substances Law, and further investigations were underway, the CCDAC said. Enditem