Connect with us

Asia

ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ဆိုင်ကယ်အငှားယာဉ် ရှေ့ပြေးစီမံကိန်း ကြေညာ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် (UNEP)တွင် လျှပ်စစ်မော်တော်ဆိုင်ကယ်တစ်စီးအား ၂၀၂၁ ခုနှစ် မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မေ ၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် (UNEP) တို့က ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ဆိုင်ကယ်အငှားယာဉ်အတွက် ရှေ့ပြေးစီမံကိန်းတစ်ခု ပူးတွဲကြေညာလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ TAILG ကုမ္ပဏီမှ လှူဒါန်းသော လျှပ်စစ်မော်တော်ဆိုင်ကယ် အစီးရေ ၅၀ ခန့်အား ပူးပေါင်း သုတေသနစီမံကိန်းနှင့် သရုပ်ပြမှုများအဖြစ် အစိမ်းရောင် မော်တော်ဆိုင်ကယ်အငှားယာဉ်များအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံ အမျိုးသား စွမ်းအင်နည်းပညာစင်တာ (ENTEC) နှင့် ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင် (EGAT) တို့က နိုင်ငံအတွင်း မော်တော်ဆိုင်ကယ် လျှပ်စစ်စနစ်ပြောင်းလဲအသုံးပြုမှုမြှင့်တင်ရန် TAILG နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြသည်။

UN လျှပ်စစ်စနစ်ပြောင်းလဲအသုံးပြုရေးစီမံကိန်းနှင့် ထိုင်းနိုင်ငံ လောင်စာဆီအခြေပြုစနစ်မှ လျှပ်စစ်စနစ် ကူးပြောင်းခြင်းအတွက် TAILG ၏ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ENTEC ညွှန်ကြားရေးမှူး Sumittra Charojrochkul က ပြောကြားခဲ့သည်။

TAILG သည် ၂၀၁၈ ခုနှစ်ကတည်းက UNEP ၏ လျှပ်စစ်စနစ်ပြောင်းလဲအသုံးပြုမှု၏ မိတ်ဖက်ဖြစ်ခဲ့သည်။ အဆိုပါ စီမံကိန်းသည် အီသီယိုးပီးယား၊ ကင်ညာ၊ ယူဂန္ဓာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ် စသည့်ခြောက်နိုင်ငံတွင် ရှိနှင့်ပြီးသား သယ်ယူပို့ဆောင်ရေးစနစ်များ၌ နှစ်ဘီးနှင့် သုံးဘီး လျှပ်စစ်မော်တော်ယာဉ်များ ပေါင်းစပ်ထည့်သွင်းရေး ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်ရန် စီစဉ်ထားသည်။

ထိုင်းနိုင်ငံသည် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများ၏ ကြိုးပမ်းအားထုတ်မှုများဖြင့် မြို့ပြသယ်ယူပို့ဆောင်ရေးတွင် စွမ်းအင်အကျိုးကျေးဇူး သိသိသာသာတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း UNEP အာရှပစိဖိတ်ရုံး၊ resource efficiency ဆိုင်ရာ ဒေသညှိနှိုင်းရေးမှူး Mushtaq Memon ဟု ပြောခဲ့သည်။

TAILG ဥက္ကဋ္ဌ Yao Li ကလည်း ကုမ္ပဏီအနေဖြင့် လျှပ်စစ်မော်တော်ဆိုင်ကယ် အသုံးပြုမှု အဆင့်မြှင့်တင်ရန် ထိုင်းနိုင်ငံတွင် နည်းပညာစင်တာနှင့် ထုတ်လုပ်မှုစက်ရုံ တည်ဆောက်သွားမည်ဖြစ်ကာ ဒေသတွင်း ကာဗွန်လျှော့ချသောလမ်းသွားလာမှုဖြစ်စေရေး အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
Thailand launches electric motorcycle taxi pilot project
Source: Xinhua| 2022-05-06 00:00:31|Editor: huaxia
BANGKOK, May 5 (Xinhua) — The Thai government and the United Nations Environment Program (UNEP) Thursday jointly launched a pilot project for electric motorcycle taxis in Thailand.
Some 50 electric motorcycles donated by Chinese company TAILG will be used as green motorcycle taxis in a collaborative research project and as demonstration cases.
Thailand’s National Energy Technology Center (ENTEC) and Electricity Generating Authority of Thailand (EGAT) signed a memorandum of agreement with TAILG to promote motorcycle electrification in the Southeast Asian country.
ENTEC director Sumittra Charojrochkul expressed her gratitude to TAILG’ support to the UN e-mobility project and Thailand’s shift from fuel-based mobility to electric mobility.
TAILG has been a partner of UNEP’s e-mobility project since 2018. The project plans to conduct pilots in six countries, namely Ethiopia, Kenya, Uganda, the Philippines, Thailand and Vietnam, to integrate two- and three-wheeler electric vehicles into their existing transport systems.
With the efforts of public and private sectors, Thailand is expected to significantly improve energy efficiency in urban transportation, said Mushtaq Memon, regional coordinator for resource efficiency at the UNEP Asia Pacific office.
According to TAILG’s president Yao Li, the company will establish a technical center and manufacturing base in Thailand to advance the use of electric motorcycles in Southeast Asia and help the region achieve low-carbon road traffic. ■
Photo taken on March 2, 2021 shows an electric motorbike displayed at the United Nations Environment Programme grounds in Nairobi, capital of Kenya. (Xinhua/Joy Nabukewa)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.