Connect with us

Eastern Europe

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့ရှိ Azovstal စက်ရုံမှ အရပ်သား ၅၀ ဦးကိုဘေးလွတ်ရာသို့ရွှေ့ပြောင်း

ယူကရိန်းနိုင်ငံ၊ Irpin မြို့၌ လူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေသည်ကို ၂၀၂၂ ခုနှစ်၊ မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ မေ ၇ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ မာရီယူပိုးလ် မြို့ရှိ စစ်တပ်ဝန်းရံထားသော Azovstal စက်ရုံမှ အရပ်သား ၅၀ ဦးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ကြောင်း ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က မေ ၆ ရက်တွင် ပြောသည်။“ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခြင်းဆောင်ရွက်ရတာ အလွန်ပဲနှောင့်နှေးခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့မှာတော့အမျိုးသမီးများ၊ ကလေးငယ်များနဲ့ သက်ကြီးရွယ်အို အယောက် ၅၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါပြီ’’ ဟု Vereshchuk က ၎င်း၏ Facebook တွင်ရေးသားခဲ့သည်။

ကယ်ဆက်ရေးလုပ်ငန်းများကို မေ ၇ ရက် နံနက်ပိုင်းအထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
Vereshchuk ကဆိုသည်။

ယူကရိန်းနိုင်ငံအနေဖြင့် မာရီယူပိုးလ် မြို့မှ အရပ်သား ၅၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီးဖြစ်ကြောင်း ယူကရိန်းနိုင်ငံ သမ္မတရုံးမှ အကြီးအကဲဖြစ်သူ Andriy Yermak က ယင်းနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ အဓိကကျသော Azov ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် မာရီယူပိုးလ်မြို့သည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် အဆိုးရွားဆုံး အပြင်းအထန်ခံစားခဲ့ရကြောင်း သိရသည်။ (Xinhua)
——————————-
(English Version)
Ukraine evacuates 50 civilians from Mariupol’s Azovstal
KIEV, May 6 (Xinhua) — Ukraine evacuated 50 civilians from the Azovstal plant in the besieged city of Mariupol, Ukrainian Deputy Prime Minister Iryna Vereshchuk said on Friday.
“The evacuation was extremely slow. However, today we managed to free 50 women, children and the elderly from Azovstal,” Vereshchuk wrote on Facebook.
The evacuation will continue on Saturday morning, Vereshchuk said.
Earlier in the day, Ukraine’s Presidential Office head Andriy Yermak said that Ukraine had evacuated about 500 civilians from Mariupol.
Mariupol, a key Azov Sea port city in eastern Ukraine, saw one of the worst bouts of violence in the Russia-Ukraine conflict. Enditem

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.