Connect with us

Eastern Europe

ကမ္ဘာ့စွမ်းအင်လိုအပ်ချက်တိုးလာခြင်းအား ထည့်သွင်းစဉ်းစားပါက ရုရှားနိုင်ငံက မည်သည့်နိုင်ငံနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပူတင်ပြောကြား

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က စက်တင်ဘာ ၇ ရက်တွင် ကျင်းပပြုလုပ်သည့် ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေး၌ မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ- Kremlin press release)

ဗလာဒီဗော့စတော့ခ် ၊ ရုရှား ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

အထူးသဖြင့် စွမ်းအင်အတွက် ကမ္ဘာလုံးဆိုင်ရာလိုအပ်ချက်တိုးလာသည့် အခြေအနေအရ ရုရှားနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ရုရှား သမ္မတ ဗလာတီမာပူတင်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ပူတင်က ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)၏ မျက်နှာစုံညီအစည်းအဝေး၌ ပြောကြားရာတွင် ဆယ်စုနှစ်များတစ်လျှောက်လုံး ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့များ ရယူခြင်းဖြင့် ဥရောပထိပ်တန်းနိုင်ငံများ၏ စီးပွားရေးသည် သိသာထင်ရှားသော ယှဉ်ပြိုင်မှုအားသာချက်များ ရှိခဲ့ကြောင်း ၊ ၎င်းတို့အနေဖြင့် ထိုကဲ့သို့ အားသာချက်များအား မလိုအပ်ဟု ထင်မြင်ယူဆပါက ကမ္ဘာပေါ်တွင် စွမ်းအင်အရင်းအမြစ်များ လိုအပ်ချက် ကြီးမားသည့်အတွက်ကြောင့် မိမိတို့အတွက်မူ အနှောင့်အယှက် မဖြစ်စေကြောင်း ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/zs8

——————————-

Russia ready to cooperate with any country given increasing global energy demand: Putin
VLADIVOSTOK, Russia, Sept. 7 (Xinhua) — Russia stands ready to cooperate with any country, especially in the context of an increasing global demand for energy, Russian President Vladimir Putin said Wednesday.
Speaking at the plenary session of the 7th Eastern Economic Forum (EEF), Putin said, “By obtaining natural gas from Russia throughout decades, the economies of leading European countries have had obvious competitive advantages… if they believe they don’t need such advantages, this doesn’t bother us because the demand for energy resources in the world is large.”
Photo – Russian President Vladimir Putin addresses the Eastern Economic Forum plenary session in Vladivostok, Russia on Sept. 7, 2022. (Kremlin press release)