Connect with us

Africa & Middle East

တူရကီနိုင်ငံ အလယ်ပိုင်းတွင် တရုတ်ဆီးသီးများ ခူးဆွတ်ချိန်ရောက်ပြီ

တူရကီနိုင်ငံ အလယ်ပိုင်း မာလတ်ယာမြို့တွင် တရုတ်ဆီးသီးများ အခြောက်လှန်းနေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Mustafa Kaya/Handout via Xinhua)

အန်ကာရာ၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အလယ်ပိုင်း မာလတ်ယာမြို့တွင် တရုတ်ဆီးသီးများ ခူးဆွတ်ရာသီရောက်ရှိလာသဖြင့် အလုပ်များနေကြသည်။ မာလတ်ယာမြို့သည် တရုတ်ဆီးသီးထုတ်လုပ်ခြင်းဖြင့် နာမည်ကျော်မြို့တစ်မြို့ဖြစ်ပြီး ယင်းမြို့၏ တရုတ်ဆီးသီးထွက်ရှိမှုမှာ နိုင်ငံတစ်ဝန်း စုစုပေါင်း ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁,၀၀၀ နီးပါးတွင် တည်ရှိပြီး အေးချမ်းသော ကုန်းပြင်မြင့်ဖြစ်သော မာလတ်ယာမြို့သည် ချိုမြိန်သော တရုတ်ဆီးသီးများ စိုက်ပျိုးရန် အသင့်လျော်ဆုံးဖြစ်သည်။ ထိုမြို့မှထွက်ရှိသော နာမည်ကျော် တရုတ်ဆီးသီးခြောက်များကို ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၀၀ ကျော်ထံ တင်ပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

တူရကီနိုင်ငံ အလယ်ပိုင်း မာလတ်ယာမြို့တွင် တရုတ်ဆီးသီးများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Mustafa Kaya/Handout via Xinhua)

………………………………
(English Version)
Mideast in Pictures: Apricot harvest in central Türkiye
ANKARA, Aug. 7 (Xinhua) — The apricot harvest in central Türkiye’s Malatya has begun in full swing. Malatya is a city renowned for apricot production, with its apricot output accounting for 80 percent of the country’s total.
Located on a cold and dry plateau with an altitude of nearly 1,000 meters, Malatya is ideal for cultivating sweet apricots. Its famed dried apricots have been exported to more than 100 countries worldwide.
Photo 1: This photo taken on Aug. 6, 2023 shows apricots in drying process in Malatya, central Türkiye. (Mustafa Kaya/Handout via Xinhua)
Photo 2: This photo taken on Aug. 6, 2023 shows apricots growing in Malatya, central Türkiye. (Mustafa Kaya/Handout via Xinhua)