Connect with us

China

ဟိုင်နန်၏ ကမ်းလွန်အကောက်ခွန်လွတ်ရောင်းချမှု ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ယွမ် ၂၈.၉၃ ဘီလီယံရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့ရှိ အကောက်ခွန်လွတ် ဈေးဝယ်စင်တာ၌ ခရီးသွားဧည့်သည်များကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်တွင် ယခုနှစ် ပထမ ၇ လအတွင်း ကမ်းလွန် အကောက်ခွန်လွတ်ရောင်းချမှုမှ ယွမ် ၂၈.၉၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်) ရရှိခဲ့ကြောင်း သိရသည်။

ဈေးဝယ်သူ ၄.၂ သန်းနီးပါးသည်ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ဟိုင်နန်ပြည်နယ်၌ အခွန်ကင်းလွတ်ခွင့်ရသော ပစ္စည်း ၃၄ သန်းကျော် ဝယ်ယူခဲ့ကြကြောင်း ဟိုင်နန်ပြည်နယ် မြို့တော် ဟိုင်ခို အကောက်ခွန်ဦးစီးဌာနအရ သိရသည်။

ဟိုင်နန်ပြည်နယ်သည် ယခုနှစ်ဆန်းပိုင်းမှစ၍ အကောက်ခွန်ကင်းလွတ်သုံးစွဲမှု ပြန်လည်ကောင်းမွန်လာရေး မြှင့်တင်ရန် စီမံဆောင်ရွက်မှုများစွာ ပြုလုပ်ခဲ့သည်။ အဆိုပါ ကြိုးပမ်းအားထုတ်မှုများတွင် အကောက်ခွန်လွတ်သုံးစွဲခွင့်ကူပွန် အရေအတွက် သန်း ၂၀ ထုတ်ပေးခြင်း၊ နိုင်ငံတကာ အကောက်ခွန်ကင်းလွတ်ဈေးရောင်းပွဲတော် ကျင်းပခြင်းနှင့် ဟိုင်နန်ပြည်နယ်ပြင်ပတွင် အကောက်ခွန်ကင်းလွတ် မူဝါဒမြှင့်တင်ခြင်း စသည်တို့ ပါဝင်သည်။

ပြည်တွင်းခရီးသွားဧည့်သည်များအနေဖြင့် ဟိုင်နန်ပြည်နယ်အတွင်း ထုတ်ကုန်များဝယ်ယူရာတွင် ၂၀၁၁ ခုနှစ် ဧပြီ ၂၀ ရက်မှစ၍ အခွန်ကင်းလွတ်ခွင့်ပြုကြောင်း မူဝါဒ ထုတ်ပြန်ချိန်မှစ၍ အဆိုပါ ကနဦးမူဝါဒကို ပြင်ဆင်မှုများစွာလည်း ပြုလုပ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှ ပြင်ဆင်မှုများအရ ဟိုင်နန်ပြည်နယ်၏ နှစ်စဉ် အကောက်ခွန်လွတ်ဈေးဝယ်ခွင့်မှာ လူတစ်ဦးလျှင် ယွမ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ တိုးမြှင့်ထားပြီး အကောက်ခွန်လွတ်ကုန်စည် အမျိုးအစားများကိုလည်း ၃၈ ခုမှ ၄၅ ခုအထိ တိုးချဲ့ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Hainan’s offshore duty-free sales hit 28.93 bln yuan in Jan.-July
HAIKOU, Aug. 8 (Xinhua) — South China’s island province of Hainan recorded total offshore duty-free sales of 28.93 billion yuan (about 4 billion U.S. dollars) in the first seven months of this year.
From January to July, nearly 4.2 million shoppers purchased over 34 million duty-free products on the island, according to the customs of Haikou, the capital of Hainan.
Since the beginning of this year, Hainan has introduced a raft of measures to boost the recovery of duty-free consumption. These efforts include issuing 20 million duty-free consumption coupons, holding an international duty-free shopping festival, and promoting the duty-free policy outside the province.
Since Hainan released the policy that allows domestic tourists to buy products on the island without taxation on April 20, 2011, rounds of adjustments to the initial policy have taken place.
The adjustments from July 1, 2020, increased the island’s annual tax-free shopping quota from 30,000 yuan to 100,000 yuan per person and expanded the major categories of duty-free goods from 38 to 45.
Photo: Tourists shop at a duty-free shopping complex in Haikou, south China’s Hainan Province, July 12, 2023. (Xinhua/Yang Guanyu)