Connect with us

Media

၂၀၂၄ ခုနှစ်တွင် အမေရိကန်စီးပွားရေးကျဆင်းမည်ဟု ရင်းနှီးမြှုပ်နှံသူအများစု မျှော်မှန်းထားကြောင်း Bloomberg ဖော်ပြ

ပေကျင်း ၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

အမေရိကန်စီးပွားရေးသည် လာမည့် ၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် ကျဆင်းနိုင်မည်ဟု ရင်းနီးမြှုပ်နှံသူအများစုက မျှော်မှန်းထားကြောင်း ဩဂုတ် ၆ ရက်၌ Bloomberg က ထုတ်လွှင့်သည့် စစ်တမ်းရလဒ်အရ သိရသည်။
ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၄ ရက်အထိ Markets Live Pulse စစ်တမ်းအား ပြုလုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူ ၄၁၀ ဦး ပါဝင်ဖြေဆိုခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမေရိကန်နိုင်ငံသည် စီးပွားရေးအကျဘက်သို့ ပြောင်းနိုင်သည်ဟု ရင်းနှီးမြှုပ်နှံသူ သုံးပုံနှစ်ပုံက မျှော်မှန်းထားကြောင်း သိရသည်။
စစ်တမ်းဖြေဆိုသူ ၂၀ ရာခိုင်နှုန်းကမူ ယခုနှစ်တွင် ကျဆင်းသွားနိုင်သည်ဟု ဆိုသည်။ (Xinhua)

…………………………
(English Version)
Majority of investors anticipate U.S. recession in 2024: Bloomberg
According to the results of a survey released by Bloomberg on Sunday, a majority of investors anticipate that the U.S. economy will slip into a recession by the end of next year.
The latest Markets Live Pulse survey was conducted from July 31 to Aug. 4 and involved 410 investors.
Two-thirds of the investors anticipate a downturn in the world’s biggest economy by the end of next year.
A minority of 20 percent of pollees even see a slump this year.
Xinhua News Agency correspondents reporting from Beijing.(XHTV)