Connect with us

China

တရုတ်နိုင်ငံက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရန် ကုန်စည်ပြပွဲ ကျင်းပ

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်၊ ရှမန်မြို့တွင် ၂၃ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲ (CIFIT) သို့ လာရောက်လေ့လာသူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှမန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့တွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်နှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူမှု အားပေးရန် ၂၃ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲ (CIFIT) ကို စက်တင်ဘာ ၈ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လေးရက်ကြာပြုလုပ်မည့် အဆိုပါ ကုန်စည်ပြပွဲကို “ပွင့်လင်းမှုနှင့် ပေါင်းစည်းမှု – အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်စို့” ဟူသောခေါင်းစဉ်ဖြင့် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး ပြပွဲအတွင်း ဖိုရမ်များ၊ ဆွေးနွေးပွဲများ၊ ပြပွဲများနှင့် စီးပွားရေးတွေ့ဆုံချိတ်ဆက်ခြင်းအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

အဆိုပါ ပြပွဲကျင်းပစဉ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သုတေသနအစီရင်ခံစာအမျိုးမျိုးကိုလည်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

စတုရန်းမီတာ ၁၂၀,၀၀၀ ခန့်ရှိသော ပြပွဲဧရိယာတွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်ရှိ ကုန်ထုတ်လုပ်မှု၊ အစိမ်းရောင်နှင့် ကာဗွန်လျော့နည်း ဖွံ့ဖြိုးတိုးတက်မှုတို့အပြင် ကျေးလက်ဒေသ ကောင်းမွန်စွာတိုးတက်ရေး စသည်တို့ကို ထူးခြားစွာ စုစည်းကျင်းပခြင်းဖြစ်သည်။

ထိုကုန်စည်ပြပွဲသို့ ကမ္ဘာတစ်ဝန်းမှ အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်း ၁,၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။

၁၉၉၇ ခုနှစ်တွင် စတင်ကျင်းပခဲ့သော CIFIT ပြပွဲသည် နှစ်ဘက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆင်ပြေချောမွေ့စေရန် အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်လာခဲ့သည်။ (Xinhua)

………………………………
(English Version)
China holds int’l fair to boost investment, trade

XIAMEN, Sept. 8 (Xinhua) — The 23rd China International Fair for Investment and Trade (CIFIT) opened Friday in Xiamen, east China’s Fujian Province, to boost investment and bolster global economic recovery.
The four-day event, themed “Open and Integrated: Key to High-Quality Development,” kicked off with an opening ceremony, and will encompass a range of activities including forums, seminars, exhibitions, and business matching sessions.
Various research reports on investment will also be released during the event.
Covering around 120,000 square meters, the event has a distinct focus on the digital economy, intelligent manufacturing, green and low-carbon development, as well as rural revitalization.
More than 1,000 organizations and enterprises from all over the world participated in the exhibitions.
First launched in 1997, the CIFIT has become an important platform to boost bilateral investment and facilitate global development.
Photo: Guests visit the 23rd China International Fair for Investment and Trade (CIFIT) in Xiamen, east China’s Fujian Province, Sept. 8, 2023. (Xinhua/Lin Shanchuan)