Connect with us

Media

သမ္မတ ရှီက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်တွင် ရေလွှမ်းမိုးခံရသော ရွာသူ/ရွာသားများထံ သွားရောက်လည်ပတ်

ဟာအယ်ပင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်၊ ဆန့်ကျစ်မြို့ရှိ ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရသော ရွာသူ/ရွာသားများထံ စက်တင်ဘာ ၇ ရက်က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
လုံဝမ်မြောက်ကျေးရွာ၌ ရှိနေစဉ် သမ္မတ ရှီက ဆန်စပါးကောက်ပဲသီးနှံစိုက်ခင်းများပေါ် ရေလွှမ်းမိုးမှု၏ သက်ရောက်မှုကို ကြည့်ရှုစစ်ဆေးရန် လယ်ကွင်းများအတွင်း လမ်းလျှောက်သွားခဲ့သည်။ ထို့ပြင် ရှီသည် လမ်းများတစ်လျှောက် သွားလာနေစဉ် ပျက်စီးနေသောနေအိမ်များ၊ အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရှီသည် ဒေသခံများ၏ ပျက်စီးဆုံးရှုံးမှုများနှင့် နေ့စဉ်လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရေးအတွက် ရွာသူ/ရွာသားများ၏ နေအိမ်များသို့ သွားရောက်လည်ပတ်ခဲ့ကာ အခက်အခဲများ ကျော်လွှားနိုင်ရန် ၎င်းတို့၏ ယုံကြည်မှုကို အားပေးမြှင့်တင်ခဲ့သည်။ ရွာသူ/ရွာသားများအနေဖြင့် မကြာမီ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုနှင့် နေထိုင်မှုဘဝပုံများသို့ ပြန်လည်ရောက်ရှိကာ ၎င်းတို့၏ လူနေမှုဘဝများ ဆက်လက်တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
Xi visits flood-affected villagers in NE China’s Heilongjiang Province
HARBIN, Sept. 7 (Xinhua) — Xi Jinping, general secretary of the Communist Party of China Central Committee, on Thursday visited flood-affected villagers in the city of Shangzhi, northeast China’s Heilongjiang Province.
In the village of Longwangmiao, Xi walked into the fields to check the impact of the floods on the rice crops. He also inspected the work on the restoration of damaged houses and infrastructure while walking along the streets.
Visiting villagers’ homes to learn about their losses and the supply of daily necessities, Xi encouraged them to bolster their confidence to overcome difficulties. He expressed the hope that they will soon be able to resume normal work and life, and that their lives will continue to improve.