Connect with us

Media

၂၀၂၄ အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲတွင် ပရာဘိုဝို ဆူဘီယမ်တို အနိုင်ရရှိ

ဂျကာတာ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတနှင့် ဒုတိယသမ္မတ ကိုယ်စားလှယ်လောင်းအတွဲဖြစ်သည့် ပရာဘိုဝို ဆူဘီယမ်တို(Prabowo Subianto)နှင့် ဂျီဘရန် ရာကာဗျူမင်ရာကာ(Gibran Rakabuming Raka)တို့ အနိုင်ရရှိခဲ့ကြောင်း အထွေထွေရွေးကောက်ပွဲ ကော်မရှင် (KPU) က မတ် ၂၀ ရက်တွင် ကြေညာခဲ့သည်။

ပရာဘိုဝိုနှင့် ဂျီဘရန် တို့က ဆန္ဒမဲ ၉၆,၂၁၄,၆၉၁ မဲ ရရှိခဲ့ပြီး Anies Baswedan နှင့် Muhaimin Iskandar အတွဲက ဆန္ဒမဲ ၄၀,၉၇၁,၉၀၆ မဲ ဖြင့်ရှုံးနိမ့်ခဲ့ကြောင်းနှင့် Ganjar Pranowo နှင့် Mahfud MD အတွဲက ဆန္ဒမဲ ၂၇,၀၄၀,၈၇၈ မဲ ရရှိခဲ့ကြောင်း သိရသည်။
ပရာဘိုဝိုက လက်ရှိကာကွယ်ရေးဝန်ကြီး ဖြစ်ပြီး ဂျီဘရန်က Solo မြို့တော်ဝန် ဖြစ်သလို လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို၏ သားအကြီးဆုံး ဖြစ်ကြောင်း သိရသည်။

ရွေးကောက်တင်မြှောက်ခံရသည့် သမ္မတနှင့် ဒုတိယသမ္မတတို့၏ ကျမ်းသစ္စာကျိန်ဆိုခြင်းကို အောက်တိုဘာလ ၂၀ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံက ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲအား ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြုလုပ်ခဲ့ပြီး သမ္မတနှင့် ဒုတိယသမ္မတ အပြင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကိုပါ ရွေးချယ်ကြကြောင်း သိရသည်။ (Xinhua)

…………………………………….
(English Version)
Prabowo Subianto wins 2024 Indonesian presidential election
Presidential and vice-presidential candidate pair Prabowo Subianto and Gibran Rakabuming Raka won Indonesia’s 2024 presidential election, the country’s General Elections Commission (KPU) announced on Wednesday.
According to the official counts released by KPU, Prabowo-Gibran received 96,214,691 votes, beating the Anies Baswedan-Muhaimin Iskandar pair who got 40,971,906 votes, and Ganjar Pranowo-Mahfud MD who obtained 27,040,878 votes.
Prabowo is the current defense minister while Gibran is the mayor of Solo and the first son of the incumbent President Joko Widodo.
The inauguration of the newly elected president and vice president is scheduled for Oct. 20 this year.
Indonesia held its 2024 general elections on Feb. 14, choosing the president and vice president, as well as members of national and regional parliaments.
Xinhua News Agency correspondents reporting from Jakarta.(XHTV)