Connect with us

Media

တရုတ်နိုင်ငံက ဘရာဇီးနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ ပေါင်းစည်းရန် အသင့်ရှိကြောင်း ဝမ်ရိပြော

ဂျိုဟန်နာဘတ်စ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ဘရာဇီးနိုင်ငံ သမ္မတ၏ ထိပ်တန်းအကြံပေး ဆဲလ်ဆို လူးဝစ် နူနက်စ် အမ်မိုရင်မ် (Celso Luiz Nunes Amorim) နှင့် ဂျိုဟန်နာဘတ်စ်မြို့၌ ဇူလိုင် ၂၄ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည် ကမ္ဘာ့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်ကြကြောင်း ဝမ်က ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးနိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းစေရေး၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် ဘရားဇီးနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများကြား ချိတ်ဆက်မှု အားကောင်းရေးအတွက် အတူတကွေဆာင်ရွက်လိုကြောင်း ဝမ်က ပြောကြားခဲ့သည်။

BRICS ယန္တရားသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအတွက် ကိုယ်စားပြုမှုအရှိဆုံး ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့ကာ ဖွံ့ဖြိုးတိုးတက်မှုအတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ရပ်ကို ကြုံတွေ့လျက်ရှိကြောင်း ဝမ်က ပြောခဲ့သည်။

BRICS ဆိုသည်မှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက စသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ငါးနိုင်ငံ၏ နာမည်အတိုကောက်ကို ခေါ်ဆိုခြင်းဖြစ်သည်။
ဘရာဇီးနိုင်ငံ သမ္မတ၏ ထိပ်တန်းအကြံပေး ဆဲလ်ဆို လူးဝစ် နူနက်စ် အမ်မိုရင်မ်က တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံအတွက် အရေးပါသော မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ကြောင်းနှင့် နှစ်နိုင်ငံကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုက အကျိုးကျေးဇူးများဖြစ်ထွန်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဘရာဇီးနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ BRICS ကဲ့သို့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု မူဘောင်များ၌ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် ဆောင်ရွက်ရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို ပူးတွဲထိန်းသိမ်းရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ကာကွယ်စောင့်ရှောက်ရန် ဆန္ဒရှိကြောင်း အမ်မိုရင်မ်က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

…………………………………..
(English Version)
China ready to synergize development strategy with Brazil: Wang Yi
JOHANNESBURG, July 24 (Xinhua) — Wang Yi, director of the Office of the Communist Party of China Central Commission for Foreign Affairs, met with Celso Luiz Nunes Amorim, chief advisor of the Presidency of Brazil, here on Monday.
China and Brazil, the biggest developing countries in the Eastern and Western hemispheres, share common strategic interests, Wang said.
China is willing to work with Brazil to deepen strategic mutual trust, expand strategic cooperation, and strengthen the alignment between the Belt and Road Initiative and Brazil’s development strategies, Wang said.
The BRICS mechanism has become the most representative platform for South-South cooperation and is facing a historical opportunity for development, Wang said.
BRICS is an acronym for five emerging economies — Brazil, Russia, India, China and South Africa.
For his part, Amorim said China is an important strategic partner of Brazil, and all-round cooperation between the two countries has yielded fruitful results.
Brazil is willing to strengthen cooperation with China in multilateral frameworks such as BRICS, jointly uphold multilateralism and safeguard world peace, Amorim added.