Connect with us

Media

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်က တရုတ်နိုင်ငံ၏ စီးပွားရေးကို ချီးကျူးပြောကြား

ဂျကာတာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စီးပွားရေးသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် ကမ္ဘာကြီးအတွက် အရေးကြီးကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုများအား ရည်ညွှန်းလျက် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn က ဇန်နဝါရီ ၁၇ ရက်၌ ပြောကြားခဲ့သည်။

ဂျကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးရုံးတွင် ဆင်ဟွာသတင်းဌာနက တွေ့ဆုံမေးမြန်းစဉ် Kao Kim Hourn က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အာဆီယံနဲ့ တရုတ်နိုင်ငံကြားမှာ ကုန်သွယ်ရေးတိုးတက်မှုကို ကျွန်တော်တို့ ဆက်လက်မြင်တွေ့ရပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု လာရောက်တာလည်း မြင်တွေ့ရပါတယ်။ အာဆီယံနဲ့ တရုတ်နိုင်ငံကြား အထူးသဖြင့် အာဆီယံစီးပွားရေး နယ်ပယ်အားလုံးမှာပေါ့။ တရုတ်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကနေ စိုက်ပျိုးရေးထုတ်ကုန်တွေ အပါအဝင် တင်သွင်းမှုတွေ ဆက်လက်ဆောင်ရွက်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု Kao Kim Hourn က ဆိုသည်။
တရုတ်နိုင်ငံ၏ စီးပွားရေးခိုင်မာမှုသည် ဒေသတွင်းနှင့် ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာအရေးပါကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
ASEAN secretary-general speaks highly of China’s economy
JAKARTA, Jan. 18 (Xinhua) — China’s economy is important to the Association of Southeast Asian Nations (ASEAN) and the world, said ASEAN Secretary-General Kao Kim Hourn here on Wednesday, referring to China’s economic achievements in 2023.
Kao Kim Hourn made the remarks in an interview with Xinhua at the ASEAN Secretariat in Jakarta.
“Between ASEAN and China, we continue to see trade growth, and we see investment coming from China. We look forward to more cooperation between ASEAN and China, particularly in all areas of the ASEAN economy, we hope that China continues to import more from ASEAN countries, including agriculture products,” Kao Kim Hourn said.
The strong economy of China will be very important for the development of the region and of the world, he added.