Connect with us

Media

မြန်မာနိုင်ငံက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၉ လကျော် ကာလအတွင်း ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ဝင်ငွေရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၉ လကျော် ကာလအတွင်း ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀.၉၁ ဘီလီယံကျော်ရရှိခဲ့ကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်အထိ ပုဂ္ဂလိကကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇.၆၉ ဘီလီယံကျော် ရရှိခဲ့ပြီး နိုင်ငံပိုင်ကဏ္ဍတင်ပို့မှုမှ
အမေရိကန်ဒေါ်လာ ၃.၂၂ ဘီလီယံကျော် ရရှိခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယမန်နှစ်အလားတူကာလ စာရင်းများအရ ကန်ဒေါ်လာ ၁၂.၇၈ ဘီလီယံကျော်နှင့် နှိုင်းယှဉ်ပါက မြန်မာ့ပို့ကုန်ဝင်ငွေမှာ ကျဆင်းသွားကြောင်း ကိန်းဂဏန်းများအရ သိရသည်။
ယင်းသို့ပို့ကုန်တင်ပို့မှုများအနက် စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆.၉ ဘီလီယံကျော်ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း နှင့် ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအပါအဝင် ကုန်သွယ်ဖက်နိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.