Connect with us

ASEAN

နီပေါနိုင်ငံ ခတ္တမန္ဒူတောင်ကြား ၌ lockdown ပိတ်ဆို့မှုကို သတိကြီးစွာဖြင့် ထပ်မံတိုးမြှင်

နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့၌ COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် တန်းစီနေသူများအား ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ၌ မကြာသေးမီရက်များအတွင်း COVID-19 ဖြစ်ပွားမှုမြင့်တက်လျက်ရှိသောကြောင့် နီပေါနိုင်ငံ၏ ခတ္တမန္ဒူတောင်ကြား ၌ lockdown ချမှတ်မှုအား နောက်ထပ် ၇ ရက် ထပ်မံတိုးမြှင့်ရန် အာဏာပိုင်များက သြဂုတ် ၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ခတ္တမန္ဒူခရိုင်၊ Bhaktapur ခရိုင် နှင့် Lalitpur ခရိုင်များ တည်ရှိရာ တောင်ကြားဒေသ ၌ ပူးတွဲဆုံးဖြတ်ခဲ့သည့်အတိုင်း lockdown ချ ပိတ်ဆို့မှုအား သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ နောက်တစ်ကြိမ် ထပ်မံသက်တမ်းတိုးမြှင့်မည်ဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်များက တင်းကြပ်စွာချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအားလုံး ဖြေလျှော့ခြင်းကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်ဆုံးဖြတ်ချက်အရ လူ ၂၅ ဦးထက် မပိုပါက ဆောင်ရွက်ခွင့်ပြုထားအစီအစဉ်များအား စည်းမျဉ်းအသစ်အရ ဆွေးနွေးပွဲ သို့မဟုတ် သင်ကြားရေးအစီအစဉ်များကို တားမြစ်လိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ လတ်တလော COVID-19 ဖြစ်ပွားမှု မြင့်တက်နေတဲ့အတွက် lockdown ဆောင်ရွက်မှုကို သက်တမ်းတိုးခဲ့ပေမယ့် ကန့်သတ်ချက်တွေ ကိုတော့ အများကြီးတိုးမြှင့်မထားပါဘူး’’ ဟု ခတ္တမန္ဒူခရိုင် အုပ်ချုပ်ရေးမှူးက ဆင်ဟွာသို့ ပြောသည်။

ကာလရှည်ကြာ lockdown လုပ်ဆောင်ထားစဉ်မှာပင် မကြာသေးမီရက်များ ကအချို့ ကိုတိုးမြှင့်ခဲ့သော်လည်း ပြည်သူများအနေဖြင့် ပုံမှန်အခြေ အနေပြန်လည်ရောက်ရှိသွားသည်ကို အာဏာပိုင်များ ပြင်းထန်သော အရေးယူမှုများ ချက်ချင်းဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

ခတ္တမန္ဒူတောင်ကြားနှင့် နီပေါ၏နိုင်ငံ၏ နေရာအတော်များများတွင် ကိုရိုနာဗိုင်းရပ်စ်၏ ဒုတယလှိုင်းအားစစ်ဆေးရန် ဧပြီနှောင်းပိုင်းမှ စ၍ lockdown ချမှတ်ဆောင်ရွက်ခဲ့ကြောင်းနှင့် လက်ရှိချမှတ်ထားသည့် lockdown မှာ သြဂုတ် ၄ ရက် ညသန်းခေါင်းအချိန်အထိ ဖြစ်ကြောင်း သိရသည်။

“လူတွေက COVID-19 ကာကွယ်ဆေးထိုးဖို့ တန်းစီဖို့လိုပါတယ်။ကာကွယ်ဆေးထိုးနှံမှု ကိုထိခိုက်စေတဲ့ အပြုအမူမျိုး မလုပ်သင့်ပါဘူး’’ ဟု Parajuli က ပြောသည်။

နီပေါနိုင်ငံသည် ၂၀၂၀ပြည့်နှစ် မတ်လက COVID-19 ပထမလှိုင်းဖြစ်ပွားခဲ့စဉ်ကပင် ပထဆုံးlockdownချမှတ်ဆောင်ရွက်ခဲ့ရာ ထိုစဉ်က တားမြစ်မိန့်ချိုးဖောက်မှုကြောင့် လူပေါင်း ၆၆၀,၀၀၀ ကို ဒဏ်ရိုက်ခြင်းခံခဲ့ရကြောင်း ခတ္တမန္ဒူခရိုင် အုပ်ချုပ်ရေးရုံးမှသိရသည်။

နီပေါနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ထပ်မံကူးစက်ခံရသူ ၂,၄၄၈ ဦး နှင့် သေဆုံးသူ ၂၄ ဦး ရှိကြောင်းနှင့် အတည်ပြုလူနာစုစုပေါင်း ၇၀၂,၀၉၇ ဦးနှင့် သေဆုံးသူစုစုပေါင်း ၉,၉၂၂ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန က သြဂုတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ (Xinhua)

——————————————————–
(English Version)

Lockdown extended again in Nepal’s Kathmandu Valley with increased vigilance

KATHMANDU, Aug. 4 (Xinhua) — The authorities in Nepal’s Kathmandu Valley on Tuesday decided to extend the ongoing lockdown by seven more days as the South Asian country is facing rising COVID-19 cases in recent days.

As decided jointly by the Kathmandu, Bhaktapur and Lalitpur districts in the valley, the lockdown will be extended once again from Thursday till Aug. 11 by continuing almost all the relaxations in restrictive measures made in past weeks.

Under the new rules, in-person seminars or training programs are banned, a reversal of a previous decision allowing such activities with the presence of no more than 25 people.

“We extended the lockdown but have not increased restrictions much despite the recent rise in COVID-19 cases,” Kali Prasad Parajuli, chief district officer of Kathmandu, told Xinhua. “But we have increased vigilance against violation of the prohibitory orders and taken steps to enforce the prohibitory orders strictly from Tuesday.”

He said the authorities are not taking drastic actions immediately as people’s life is returning to normalcy to some extent only in recent days amid the prolonged lockdown.

The Kathmandu Valley and many parts of Nepal went into lockdown in late April to check the second wave of the coronavirus, and the current lockdown runs till Wednesday midnight.

“People also need to queue up to take COVID-19 vaccine jabs and we should not act in a way that affects the vaccination drive,” said Parajuli.

Since Nepal first imposed lockdown in March last year during the first wave of COVID-19, some 660,000 people have been fined for violating the prohibitory orders, according to the District Administration Office of Kathmandu.

The Health Ministry said on Tuesday that 2,448 new COVID-19 cases and 24 deaths had been reported in Nepal in the previous 24 hours, bringing the total confirmed cases to 702,097 and the death toll to 9,922. Enditem