Connect with us

Politics & Security

ကမေ ္ဘာဒီးယားနိုင်ငံ ဒုတိယအတိုက်အခံခေါင်းဆောင် အဂတိလိုက်စားမှုဖြင့် စစ်ဆေးခံနေရ

ကမေ ္ဘာဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့ဥက္ကဋ္ဌ Om Yentieng က အမှုကြားနာနေပုံ (ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင် ၊ မတ် ၂၄ ရက် ( ဆင်ဟွာ )

ကမေ ္ဘာဒီးယားနိုင်ငံ ၏ ဒုတိယအတိုက်အခံခေါင်းဆောင်နှင့် ဥပဒေပြုအမတ် တစ်ဦးဖြစ်သူ Kem Sokha အား အဂတိလိုက်စားမှုဖြင့် အရေးယူနိုင်ရန် လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ကမေ ္ဘာ်ဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့( ACU ) ဥက္ကဋ္ဌ Om Yentieng က မတ်လ ၂၄ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

“ ဒုတိယအတိုက်အခံခေါင်းဆောင် Kem Sokha ကို ဆန့်ကျင်နေကြတဲ့ ကျောင်းသားအုပ်စုရဲ့ တိုင်ကြားမှုကို ACU ကလက်ခံဖို့ဆုံးဖြတ်လိုက်ပါပြီ” ဟု ဥက္ကဋ္ဌ Om က ဆိုသည်။

မကြာခင်က သတင်းပေါက်ကြားခဲ့သည့် Sokha နှင့် အမျိုးသမီးအချို ့၏ တယ်လီဖုန်းပြောဆိုထားသော အသံဖိုင်မှာ အစစ်အမှန်ဖြစ်ကြောင်းကို ACU ကျွမ်းကျင်သူများက အတည်ပြုပြီးနောက်ပိုင်းတွင် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကမေ ္ဘာဒီးယားဘုရင့်နိုင်ငံတွင် အဓိက အတိုက်အခံပါတီအဖြစ်ရပ်တည်နေသည့် National Rescue Party ၏ ဒုတိယခေါင်းဆောင်ဖြစ်သူ Sokha အား အဂတိလိုက်စားမှုများပြုလုပ်ထားသည်ဟု ဆိုကာ လွန်ခဲ့သော ရက်သတ္တပတ်ကတည်းက ကမေ ္ဘာဒီးယား တက္ကသိုလ်ကျောင်းသားများက ACUထံသို့ တိုင်ကြားစာပေးပို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုင်ကြားမှုတွင် Sokha သည် မည်သူ့ဆီက မှန်းမသိဘဲ ရရှိထားသော ငွေကြေးများဖြင့် ၎င်း၏ အပျော်မယားများအတွက် မြေ ၊ အိမ်ယာ နှင့် မော်တော်ကား များ ဝယ်ယူပေးထားသည်ဟု ဖော်ပြထားသည်။
အသံဖိုင်ထဲတွင် အမျိုးသမီးများနှင့် လိင်ဆက်ဆံသည့်အကြောင်း ၊ ကိုယ်ဝန်အကြောင်း နှင့် အိမ်ခန်းဝယ်ပေးသည့်အကြောင်းအရာများ ပါဝင်ပြီး အဆိုပါ အသံဖိုင်ကိစ္စကို ရှင်းလင်းဖြေကြားရန် ပြီးခဲ့သော မတ်လ ၂၀ ရက်နေ့ ကကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် Sokha အား ခေါ်ယူ မေးခွန်းထုတ်ခဲ့ကြသည်။
သို့သော် မတ်လ အစောပိုင်းကတည်းက အွန်လိုင်းပေါ်တွင် အတွဲလိုက် ပျံနှံ့နေသည့် Sokha နှင့် အမျိုးသမီးများ၏ လိင်အရှုပ်တော်ပုံကိစ္စနှင့်ပတ်သက်ပြီး ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်Sokha ကမူ နှုတ်ဆိတ်နေကြောင်းသိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.