Connect with us

Politics & Security

(၁၃) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (13th ACDFIM) တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံသို့ထွက်ခွာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး H.E. Mr.Lyying Sayaxang တို့က လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်နေစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊မတ် ၁၃ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပပြုလုပ်မည့် (၁၃) ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအလွတ်သဘောအစည်းအဝေး (13th ACDFIM) သို့ တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး H.E. Mr.Lyying Sayaxang တို့က လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြ ကြောင်းသိရသည်။

အဆိုပါ (၁၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ မတ် ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အစည်းအဝေးကာလ အတွင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များသည် နှစ်နိုင်ငံသီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.