Connect with us

Politics & Security

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဝင်များဟု သံသယရှိသူ ၁၅ ဦးကို မလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး

အိုင်အက်စ်အကြမ်းဖက်သမားဟု သံသယရှိသူတစ်ဦးကို မလေးရှားရဲတပ်ဖွဲ့ဝင်များက ၂၀၁၆ ဇန်နဝါရီလ ၂၄ ရက်က ဖမ်းဆီးလာစဉ် ( ဓာတ်ပုံ - အင်တာနက် )

ကွာလာလမ်ပူ ၊ မတ် ၂၅ ရက် ( ဆင်ဟွာ )

မလေးရှားရဲ အရာရှိတစ်ဦးအပါအဝင် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဝင်များဟု သံသယရှိသူ ၁၅ ဦးကို မတ်လ ၂၄ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း မလေးရှားနိုင်ငံ အာဏာပိုင်များက သတင်းထုတ်ပြန်သည်။

လူ ၃၁ ဦးသေဆုံးပြီး ၊ ၃ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည့် ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့အကြမ်းဖက်တိုက်ခိုက်ခံရပြီး များမကြာမီ အချိန်အတွင်းမှာပင် မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ၎င်းတို့နိုင်ငံအတွင်းရှိ အိုင်အက်စ် အကြမ်းဖက်သမားများဟု သံသယ ရှိသူ ၁၅ ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်သမားများဟု သံသယရှိသူများတွင် အသက် ၂၂ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသား ၁၁ ဦး နှင့် အမျိုးသမီး ၄ ဦးပါဝင်ကြောင်း ၊ ၎င်းတို့ကို မြို့တော်ကွာလာလမ်ပူ နှင့် နိုင်ငံတွင်းရှိအခြား မြို့ကြီးအချို့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ဖမ်းဆီးခံထားရသူများထဲတွင် မလေးရှားနိုင်ငံရဲအရာရှိတစ်ဦးအပါအဝင် လေယာဉ် ပြင်ဆင်သူ တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။
၎င်းဖမ်းဆီးခံထားရသူများသည် အကြမ်းဖက်သမားများအား မလေးရှားနိုင်ငံမှတဆင့် အခြား အရှေ့တောင်အာရှနိုင်ငံများသို့တဆင့်ခံ ပို့ဆောင်ပေးခြင်း နှင့် ဖိလစ်ပိုင်တောင်ပိုင်းရှိ အိုင်အက်စ်နှင့်စပ်ဆက်နေသော အကြမ်းဖက်အဖွဲ့အစည်းများအတွက် ငွေကြေးရှာဖွေပေးခြင်း နှင့် ဗုံးပြုလုပ်ရာတွင်လိုအပ်သော သတ္တုပစ္စည်းများ ရှာဖွေစုဆောင်းပေးခြင်းများကို လုပ်ကိုင်ပေးနေကြ သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ထို့ပြင်၎င်းတို့သည် အစိုးရပိုင် အင်တာနက်စာမျက်နှာများကို တိုက်ခိုက်ခြင်း၊ မလေးရှားနိုင်ငံတွင် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဝင်သစ်များ စုဆောင်းပေးခြင်းများလည်း လုပ်ကိုင်ပေးလျက်ရှိကြောင်း နှင့် ဆီးရီးယားနိုင်ငံကို ရောက်ရှိနေသော မလေးရှားနိုင်ငံသားအိုင်အက်စ် အကြမ်းဖက်သမားများ၏ တိုက်ရိုက်ညွှန်ကြားမှုဖြင့် မလေးရှားနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် မှုများပြုလုပ်ရန် လုပ်ကိုင်နေကြသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.