Connect with us

Politics & Security

ရန်ကုန်မြို့တွင် (၂၂) ကြိမ်မြောက် World Police Band Concert တီးခတ်ဖျော်ဖြေပွဲအခမ်းအနား ပြုလုပ်မည်ဖြစ်

စင်္ကာပူနိုင်ငံတွင် ၁၉ကြိမ်မြောက် World Police Band Concert ကျင်းပခဲ့စဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် (၂၂) ကြိမ်မြောက်World Police Band Concert (ကမ္ဘာ့ရဲတပ်ဖွဲ့ တေးဂီတဖျော်ဖြေပွဲ) အခမ်းအနားကို ၂၈.၁၀.၂၀၁၇ ရက်နေ့တွင် စုပေါင်းလမ်းလျှောက် တီးခတ်ဖျော်ဖြေခြင်းများပြုလုပ်မည်ဖြစ်ပြီး၊ ၂၉.၁၀.၂၀၁၇ နေ့တွင် ရန်ကုန်မြို့၊ MCC ( Myanmar Convention Centre ) တွင် တီးခတ်ဖျော်ဖြေရေး ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

World Police Band Concert အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၁၉၉၆ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင် (၂၂) ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပြင်သစ်၊ တောင်ကိုရီးယား၊ ဂျာမနီ ၊ အမေရိကန်၊ အီတလီ၊ စင်္ကာပူ၊ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီရှား နှင့် ဂျပန်နိုင်ငံများတွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခု ကျင်းပပြုလုပ်မည့် (၂၂) ကြိမ်မြောက် World Police Band Concert ကို အခြားနိုင်ငံများနည်းတူ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနား ကျင်းပပြုလုပ်မည့် အစီအစဉ်အနေဖြင့် အစမ်းလေ့ကျင့်ခြင်းပြုလုပ်မည့် ၂၁.၁၀.၂၀၁၇ ရက်နေ့နှင့် ဖွင့်ပွဲအခမ်းအနားပြုလုပ်မည့် ၂၈.၁၀.၂၀၁၇ ရက်နေ့တို့တွင် နံနက် ၀၈း၃၀ နာရီ မှ ၁၀း၀၀နာရီ အချိန်အထိ

ကမ်းနားလမ်းနှင့် ဆူးလေဘုရားလမ်းဆုံမှ ဆူးလေဘုရားလမ်းအတိုင်း ဆူးလေဘုရားအား အရှေ့ဘက် ပတ်လမ်းမှပတ်၍ ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိ စုပေါင်းလမ်းလျှောက် တီးခတ်ဖျော်ဖြေခြင်းများပြုလုပ်ပြီး ၂၉.၁၀.၂၀၁၇ ရက်နေ့ ၁၈း၀၀ နာရီ အချိန်တွင် မရမ်းကုန်းမြို့နယ် ၊

မင်းဓမ္မလမ်းရှိ MCC ( Myanmar Convention Centre ) ခန်းမ၌

တီးခတ်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားများ ကျင်းပပြုလုပ်စဉ် အစမ်းလေ့ကျင့်မည့်နေ့ ၂၁.၁၀.၂၀၁၇ ရက်နေ့နှင့် ဖွင့်ပွဲအခမ်းအနားပြုလုပ်မည့်နေ့ ၂၈.၁၀.၂၀၁၇ ရက်နေ့တို့တွင် နံနက် ၀၆:၀၀ အချိန်မှ ၁၀:၀၀ နာရီ အချိန်ထိ အောက်ပါလမ်းများကို အလှည့်ကျလမ်းပိတ်လမ်းလွှဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.