Connect with us

Politics & Security

လာအို၌ အိုဘားမား နှင့် ဒူတာတေး တို့နှစ်ဦး တွေ့ဆုံပွဲ ပျက်ပြယ်

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေး အားတွေ့ရစဉ် (ဆင်ဟွာ)

ဗီယန်ရှင်း ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ၌ ကျင်းပလျက်သော ၂၈ ကြိမ် နှင့် ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများ နှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲများကို တက်ရောက်ရန် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံသမ္မတ အိုဘားမား နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေး တို့နှစ်ဦးသည် သီးသန့်တွေ့ဆုံ ဆွေးနွေးရန် အစီအစဉ်မရှိကြောင်း လာအိုနိုင်ငံရှိ အမေရိကန်သံရုံးက စက်တင်ဘာလ ၆ ရက်တွင် အတည်ပြုပြောကြားသည်။

လာအိုနိုင်ငံ ဗီယန်ရှင်းမြို့သို့မထွက်ခွာမီ အမေရိကန်-ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ သတင်းသမားများ၏ မေးမြန်းချက်ကို သမ္မတဒူတာတေးသည် ရင့်သီးစွာ တုံ့ပြန်ဖြေကြားခဲ့ပြီးနောက် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှာ ချောင်ထိုးခံလိုက်ပြီးဖြစ်ကြောင်း သတင်းများက ဆိုသည်။
“ ကျွန်တော်သေချာအောင် အမြဲပြောခဲ့တယ်။ တကယ်လို့ဆွေးနွေးဖြစ်မယ်ဆိုရင် အမှန်တကယ်ရလဒ်တစ်ခု ထွက်လာမယ် ။ ပြီးတော့ တစ်စုံတစ်ရာလည်း ပြီးမြောက်နိုင်ပါတယ်”ဟု လာအို နိုင်ငံ၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့မထွက်ခွာမီ တရုတ်နိုင်ငံ၌ သတင်းသမားများနှင့်တွေ့ဆုံစဉ် အိုဘားမားက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသမ္မတ အဖြစ် ဒူတာတေး ရာထူးလက်ခံသည့် ၂ဝ၁၆ ခုနှစ် ဇွန်လ မှစတင်ကာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်-ဖိလစ်ပိုင် နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲမှာ ယခုအခါ ပျက်ပြယ် သွားပြီးဖြစ်သည်။
အမေရိကန်နိုင်ငံသမ္မတ အိုဘားမားသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့၌ ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ခဲ့ပြီး စက်တင်ဘာလ ၅ ရက်တွင် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် လာအိုနိုင်ငံ ဗီယန်ရှင်းမြို ့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.