Connect with us

Politics & Security

အာဆီယံနိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များ လာအိုနိုင်ငံ၌ တွေ့ဆုံကြမည်

လာအိုနိုင်ငံ၌ ကျင်းပမည့် ၂၈ ကြိမ်မြောက် အာဆီယံ အစည်းအဝေး အထိမ်းအမှတ်ပုံအားတွေ့ရစဉ်(ဆင်ဟွာ)

ဗီယန်ရှင်း ၊ စက်တင်ဘာလ ၅ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများမှ အဆင့်မြင့် အစိုးရအရာကြီးများ ၊ ကမ္ဘာ့ခေါင်းဆောင်များ နှင့်ဒေသတွင်းခေါင်းဆောင်များသည် လာအိုနိုင်ငံ ဗီယန်ရှင်းမြို့၌ စက်တင်ဘာလ ၆ ရက် မှ ၇ ရက်အထိ ကျင်းပရန်ရှိသည့် ၂၈ ကြိမ်မြောက် နှင့် ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲသို့တက်ရောက်ရန် စက်တင်ဘာလ ၅ ရက်တွင် လာအိုနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အာဆီယံ ၁ဝ နိုင်ငံမှ ခေါင်းဆောင်များ နှင့် အခြားဆွေးနွေးဖက်နိုင်ငံများမှ ခေါင်းဆောင်များတက်ရောက်ကြမည့် ဒေသတွင်း အစည်းအဝေးပွဲမတိုင်ခင် ဆွေးနွေးပွဲမူကြမ်းများ နှင့် အပြီးသတ်ညှိနှိုင်းမှုများကို ဆွေးနွေးရန်အတွက် အဆင့်မြင့်အရာရှိများ၏ အကြိုညှိနှိုင်းအစည်းအဝေး(Prep-SOM) ကို စက်တင်ဘာလ ၅ ရက်(ယနေ့)တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
၂ဝ၁၆ ခုနှစ် အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု အစည်းအဝေးကို စက်တင်ဘာလ ၅ ရက် မှ ၇ ရက်အထိ ကျင်းပသွားရန်ရှိပြီး ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၅ ရက် ည နေပိုင်းတွင် လာအိုနိုင်ငံဝန်ကြီးချုပ် Thongloun Sisoulith ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးမည်ဖြစ်သည်။ အာဆီယံထိပ်သီးအစည်းအဝေးပွဲ နှင့်ဆက်စပ် ဆွေးနွေးပွဲများအဖြစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီး ၊ စီးပွားရေး နှင့် ကုန်သွယ်ရေးဝန်ကြီး အစည်းအဝေးများကိုလည်း ဗီယန်ရှင်းမြို့၌ ကျင်းပသွားရန် ရှိသည်။
အာဆီယံ ၁ဝ နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ဗီယန်ရှင်းမြို့၌ ကျင်းပသွားရန် ရှိပြီး ယင်းနေ့ညနေပိုင်းတွင် ၂၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဆက်လက်ကျင်းပသွားရန်ရှိကြောင်း သိရသည်။
အာဆီယံ နှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် သြစတြေးလျ ၊ အိန္ဒိယ ၊ နယူးဇီလန် ၊ ဂျပန် ၊ တောင်ကိုးရီးယား ၊ရုရှား နှင့် အမေရိကန်ပြည်ထောင်စုများနည်းတူ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် လည်း အဆိုပါ အစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။
တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်သည် ၂၅ နှစ်ကြာ မိတ်ဖက်ဆက်ဆံရေးများအဖြစ် ဆွေးနွေးလာခဲ့သည့် ၁၉ ကြိမ်မြောက် အာဆီယံ-တရုတ် အစည်းအဝေးတွင် ယခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် လာအိုနိုင်ငံဝန်ကြီးချုပ် Thongloun Sisoulith အပါအဝင် အခြား အာဆီယံခေါင်းဆောင်များ နှင့်လည်း ဆွေးနွေးသွားရန် ရှိကြောင်းသိရသည်။
အာဆီယံထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးပွဲများတက်ရောက်ရန် အမေရိကန်နိုင်ငံသမ္မတ အိုဘားမားလည်း လာရောက်မည်ဖြစ်ပြီး ၎င်းခရီးစဉ်က အမေရိကန်သမ္မတ တစ်ဦး၏ ပထမဆုံး လာအိုနိုင်ငံခရီးစဉ်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.