Connect with us

China

ခိုင်မာသော ဆက်ဆံရေး မြှင့်တင်ရန် တရုတ် နိုင်ငံနှင့် တောင်အာဖရိက နိုင်ငံ သမ္မတများ ကတိပြု

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် တောင်အာဖရိက နိုင်ငံ သမ္မတ ဇူးမား တို့ လက်ဆွဲနှုတ်ဆက်စဉ် (ဆင်ဟွာ)

ပရီတိုးရီးယား၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

နှစ်နိုင်ငံ ဖွံ့ဖြိုးဆဲ စီးပွားရေး အခြေအနေများ အကြား ကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆောင် ရွက်ရန် နည်းလမ်းများအား တရုတ်နှင့် တောင်အာဖရိက နှစ်နိုင်ငံ သမ္မတများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးစဉ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် ၅နှစ်မှ ၁၀ နှစ်အတွင်း မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု များ အပြည့်အဝ အကောင်အထည်ဖော်ခြင်းအားဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍသစ် မြှင့်တင် နိုင်ရန်နှင့် ဂျိုဟန်နက်စ်ဘာ့ဂ် မြို့(Johannesburg) တွင် ပြုလုပ်မည့် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (FOCAC) တွင် ပူးတွဲ သဘာပတိ အဖြစ် လုပ်ဆောင်ကြရန် သဘောတူခဲ့ကြသည်။

ဆွေးနွေးပွဲ မစတင်မီ နိုင်ငံတော် အဆောက်အဦတွင် သမ္မတ ရှီအား သေနတ် ၂၁ ချက် ပစ်ဖောက် ကြိုဆိုခဲ့ပါ သည်။

ကုန်ထုတ်လုပ်မှု စွမ်းရည် မြှင့်တင်ခြင်း အတွက် တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်မှုတွင် တောင်အာဖရိက ၏ ကြိုးပမ်း အားထုတ်မှုအား လွယ်ကူစေရန်၊ တောင်အာဖရိက စက်မှုလုပ်ငန်း မြှင့်တင်ရန်၊ တောင်အာဖရိက အတွက် ငွေကြေး ထောက်ပံ့မှု ပိုမို တွန်းအားပေးရန် နှင့် BRICS နိုင်ငံများအတွက် New Development Bank အတွက် အာဖရိက ဒေသဆိုင်ရာ စင်တာ တည် ထောင်ရေးအား ဆောလျင်စွာ ကြေညာနိုင်ရန် ရှီက ပြောကြား ခဲ့သည်။

တောင်အာဖရိက နိုင်ငံ သမ္မတ ဇူးမားကလည်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအား ကြိုဆိုကြောင်းနှင့် ကုန်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်၊ ရေထွက် ပစ္စည်း၊ စီးပွားဖြစ် လေကြောင်းနှင့် ငွေရေးကြေးရေး စသည့် ကဏ္ဍများ၌ ကောင်းမွန်သည့် အကျိုးကျေးဇူးများ မြှင့်တင်ရန် နှစ်နိုင်ငံလုံးမှ မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တောင်အာဖရိက နိုင်ငံ သမ္မတ ဇူးမား တို့အား ဆွေးနွေးပွဲ မစတင်မီ တွေ့ရစဉ် (ဆင်ဟွာ)

နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန် သမ္မတ နှစ်ဦး ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ပြည်သူအချင်းချင်း ဖလှယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာရေးနှင့် ကုလသမဂ္ဂ နှင့် G20 တို့ကဲ့သို့ ဘက်စုံ လုပ်ထုံး လုပ်နည်းများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ရာသီဥတု ပြောင်းလဲခြင်း ကဲ့သို့သော ကမ္ဘာ့ ရေးရာများတွင်လည်း တွန်းအားပေးနိုင်ရန် ဇူးမားက ပြောကြားခဲ့သည်။

ထို့ပြင် လာမည့်နှစ် စက်တင် ဘာလ ၄၊ ၅ ရက်များတွင် ဟန်ကျိုး၌ G20 ထိပ်သီး အစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမှုအတွက် ထောက်ခံကြောင်းလည်း ပြောကြားခဲ့သည်။

သမ္မတ ရှီသည် ပရီတိုးရီးယား ခရီးစဉ် အပြီးတွင် ဂျိုဟန်နက်စ်ဘာ့ဂ် သို့ သွားရောက်၍ FOCAC ထိပ်သီး အစည်း အဝေးတွင် ဇူးမားနှင့် ပူးတွဲသဘာပတိ အဖြစ် လုပ်ဆောင်သွားမည် ဖြစ်သည်။ ယင်းထိပ်သီး အစည်းအဝေး သည် တရုတ်- အာဖရိက စည်းလုံး ညီညွတ်မှုနှင့် ဘုံ ဖွံ့ဖြိုးမှု ကဏ္ဍသစ် စတင်နိုင်ရေး အတွက် တရုတ်- အာဖရိက ဘက်စုံ ပူးပေါင်းဆောင်ရွက်ရန် သမိုင်းဝင် အစည်းအဝေး ဖြစ်မည်ဟု ယုံကြည်ကြောင်း ရှီက ပြောကြားခဲ့သည်။

နှစ်ရက်ကြာ ပြုလုပ်မည့် အဆိုပါ အစည်းအဝေးအား ဒီဇင်ဘာလ ၄ ရက် (သောကြာနေ့) တွင် စတင်မည်ဖြစ်ပြီး ကြေညာစာတမ်း အတည်ပြုရေးနှင့် တရုတ်-အာဖရိက ဆက်ဆံရေး စည်းလုံးညီညွတ်ရေး အတွက် ရည်ရွယ် သည့် လုပ်ငန်း အစီအစဉ် လျာထားရေး စသည်တို့အား လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ထားပါသည်။

ဆွေးနွေးပွဲ အပြီးတွင် ရှီနှင့် ဇူးမားတို့ ရှေ့မှောက်၌ စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျးမှု၊ သိပ္ပံနှင့် နည်းပညာ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်များ လက်မှတ်ရေးထိုး ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.