Connect with us

China

“ခေတ်သစ်ပိုးလမ်းမကြီး” စီမံကိန်း မှ ကမ္ဘာ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခွင့်အလမ်းများရရှိနိုင်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ တွေ့ဆုံ ဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖော်ဆောင်သည့် “ခေတ်သစ် ပိုးလမ်းမကြီး” စီမံကိန်း ၏ မဟာဗျူဟာ အစီအစဉ်တိုင်းတွင် လက်ရှိချိန်၌ နိုင်ငံပေါင်း ၁၀ နိုင်ငံ မှ တက်ကြွစွာ ပါဝင်ဆောင်ရွက် နေပြီး အခြား နိုင်ငံ ပေါင်းများစွာ မှလည်း ဤစီမံကိန်းကြီးတွင် တရုတ်နိုင်ငံနှင့် အပြန်အလှန် ချိတ်ဆက် နိုင်ရန် တက်ကြွစွာ ဆောင်ရွက် နေကြောင်း သိရှိ ခဲ့ရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ဗြိတိန် နိုင်ငံသို့ ချစ်ကြည် လည်ပတ်ရေးခရီး သွားရောက် ခဲ့စဉ်တွင်လည်း ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ်က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ “ခေတ်သစ် ပိုးလမ်းမကြီး” စီမံကိန်း အား အပြည့်အဝ ထောက်ခံသွားမည် ဖြစ်ကြောင်းနှင့် ဗြိတိန်နိုင်ငံ အနေဖြင့် ယင်းစီမံကိန်းတွင် အရေးပါသည့် ကဏ္ဍမှ ပါဝင် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အာရှ-ဥရောပ နှစ်ဒေသသည် “ခေတ်သစ် ပိုးလမ်းမကြီး” စီမံကိန်း တည်ဆောက်ရာတွင် အဓိက အရေးပါသော ဗဟို အချက်အခြာကျ ဒေသများ ဖြစ်ပြီး စီမံကိန်းကြီးအား ဘက်စုံ တွန်းအားပေး တည်ထောင် ဆောင်ရွက်ခြင်းဖြင့် အာရှ-ဥရောပ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တစ်ရပ် တည်ဆောက်သွား နိုင်မည် ဖြစ်သောကြောင့် အလွန် ရရှိရန် ခက်ခဲသည့် အခွင့်အလမ်းတစ်ခု ဖြစ်ပြီး လက်တွေ့ဆောင်ရွက် နိုင်သော လမ်းပြ မြေပုံ တစ်ခုကိုလည်း ရရှိ နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အာရှ-ပစိဖိတ် အတွက်လည်း တိုးတက် ဖွံ့ဖြိုးရေး အခွင့်အလမ်းများ တွေ့ရှိခဲ့ရသည်။ လာအို နိုင်ငံတွင် တရုတ်-လာအို အမြန်ရထားလမ်း တည်ဆောက်မှုသည် “ခေတ်သစ် ပိုးလမ်းမကြီး” စီမံကိန်း အတွက် အပြန်အလှန် ချိတ်ဆက်ရန် အလွန်အရေးပါသော ဆောင်ရွက်မှု တစ်ခု ဖြစ်ခဲ့သည်။ လာအို နိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီးက တရုတ်-လာအို အမြန်ရထားလမ်း စီမံကိန်းသည် အမေရိကန် ဒေါ်လာ ၆.၈ ဘီလီယံ ကုန်ကျ မည်ဟု တွက်ချက်ထားပြီး စီမံကိန်း ပြီးစီးရန် အချိန် ၅ နှစ် သတ်မှတ် ထားကြောင်း ပြောကြား ခဲ့သည်။
“ခေတ်သစ်ပိုးလမ်းမကြီး” စီမံကိန်းသည် ဥရောပ နိုင်ငံ များအတွက် လည်း အတူတကွ ပူးပေါင်းဆောင်ရွက်၍ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်း စေမည့် စီမံကိန်း တစ်ခု ဖြစ်စေ ခဲ့သည်။“ခေတ်သစ်ပိုးလမ်းမကြီး” စီမံကိန်း သည် အရှေ့အာရှ ဒေသရှိ စီးပွားရေး အသိုက်အဝန်းအား ဥရောပ စီးပွားရေး အသိုက်အဝန်း နှင့် ချိတ်ဆက်ပေး နိုင်မည် ဖြစ်ပြီး စီမံကိန်း လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံ အားလုံး အတွက် အတူတကွ အကျိုးတူ ဖွံ့ဖြိုးတိုးတက်စေမည့် အခွင့်အလမ်း များကို ဆောင်ရွက်ပေးသွား နိုင်မည် ဖြစ်သည်။
ဆိုက်ပရပ်စ် နိုင်ငံ သမ္မတက တရုတ် နိုင်ငံမှ ဖော်ဆောင်သည့် “ခေတ်သစ်ပိုးလမ်းမကြီး” စီမံကိန်း သည် အာရှ ဒေသ ရှိ နိုင်ငံ အားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးပါကြောင်း ၊ ဥရောပ နိုင်ငံ များ၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ထောက်ပံ့မှု ကိုလည်း အလွန်အဖိုးတန်သည့် အခွင့်အရေး ဖန်တီးပေးနိုင်ကြောင်း ၊ ဆိုက်ပရပ်စ် နိုင်ငံသည် အာရှ-အာဖရိက-ဥရောပ ချိတ်ဆက်ရန် အရေးပါသော တည်နေရာတွင် တည်ရှိနေသောကြောင့် ဆိုက်ပရပ်စ် နိုင်ငံ အနေဖြင့် ရေကြောင်း ပိုးလမ်းမကြီး တည်ဆောက်ရာတွင် အရေးပါသော ကဏ္ဍတွင် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အာရှ-ဥရောပ ကုန်းမြေအပိုင်း နှစ်ခု ချိတ်ဆက်ရန် အရေးပါသော ဒေသ တစ်ခု ဖြစ်သည့် တူရကီ နိုင်ငံ မှလည်း “ခေတ်သစ်ပိုးလမ်းမကြီး” စီမံကိန်း အတွက် တွန်းအားပေး ဆောင်ရွက်မှု များပြုလုပ်နေကြောင်း သိရှိရသည်။ တရုတ် နိုင်ငံ နှင့် တူရကီ နိုင်ငံသည် အခြေခံ အဆောက်အဦး နှင့် အခြားကဏ္ဍ များစွာ တွင် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရှိ ခဲ့ရသည်။ (Xinhua)