Connect with us

China

တရုတ် နိုင်ငံ၏ ဆန်းသစ်သော စီးပွားရေး ဆောင်ရွက်မှု ပုံစံသည် အပြည်ပြည်ဆိုင်ရာတွင် ဆွေးနွေး ပြောကြား ခဲ့သော အဓိက အကြောင်းအရာ ဖြစ်စေခဲ့

ရှစ် ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ် ထိပ်သီး အစည်းအဝေး(ဓာတ်ပုံ- world economic forum website)

ဒူဘိုင်း ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ရှစ် ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ် ဆိုင်ရာ အစီအစဉ် ချမှတ်ရေး ထိပ်သီး အစည်းအဝေးကို အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံရှိ Abu Dhabi တွင် ကျင်းပခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကဏ္ဍတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဆန်းသစ်သော ပုံစံများဖြင့် ဖြေရှင်းသွားရန် ဆွေးနွေး ခဲ့သည်။ ထိုအတွင်းမှ တရုတ် နိုင်ငံ ၏ စီးပွားရေး ပုံစံ ပြောင်းလဲမှု နှင့် ၁၃ ကြိမ်မြောက် ၅ နှစ် စီမံကိန်း အရ ဖန်တီး လာနိုင်မည့် ရေရှည် ဖွံဖြိုး တိုးတက်ရေး မူဝါဒများသည်လည်း အပြည်ပြည် ဆိုင်ရာမှ လူအများ စိတ်ဝင်တစား ဆွေးနွေး ပြောကြား ခဲ့သည့် အကြောင်းအရာ ဖြစ်စေခဲ့သည်။

ကမ္ဘာ့ စီးပွားရေး ဖိုရမ် တည်ထောင်သူ နှင့် လက်ရှိ ဥက္ကဌ KlausSchwab မှ တရုတ် နိုင်ငံ ဆိုင်ရာ အဖွဲ့ဝင် များ ညစာစားပွဲကို တက်ရောက် ခဲ့ရာတွင် တရုတ် နိုင်ငံ သည် လက်ရှိချိန်တွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး အသိုက်အဝန်း ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကိစ္စ ရပ်များ တွင် အရေးပါသော ဆောင်ရွက်မှု များ ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ ဤ ကဲ့သို့ ပေးဆပ်ဆောင်ရွက်မှု သည် ကမ္ဘာလုံး အတိုင်းအတာ ဖြင့် ချီးမွမ်း ကြိုဆို ခြင်း များ ဖြစ်ပွားစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကမ္ဘာ့ စီးပွားရေး ပြောင်းလဲလာမှု အခြေအနေ နှင့် ပတ်သက်၍ ပြောကြား ခဲ့ရာတွင် လက်ရှိ ကမ္ဘာ့ စီးပွားရေး ဆောင်ရွက်မှု ပုံစံသည် အင်အားကြီးသူ မှ အင်အားငယ်သူကို အနိုင်ယူသည့် ပုံစံ မဟုတ်တော့ ဘဲ တက်ကြွစွာ ဆောင်ရွက်သူ မှ နှေးကွေးစွာ ဆောင်ရွက်သူ ကို အနိုင်ယူ သော ပုံစံ ဖြစ်နေကြောင်း ၊ ၎င်းအနေဖြင့် ကမ္ဘာ့စီးပွားရေးသည် ပုံစံ အမျိုးမျိုး ပြောင်းလဲနေပြီး လျင်မြန် ဖျတ်လတ်မှု နှင့် ဆန်းသစ် တီထွင် သော စိတ်ဓာတ် ဖြင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြောင်းလဲမှု ပုံစံ နှင့် အစီအစဉ်များ ဆောင်ရွက် ချမှတ် သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပုံစံသည် အထက်ပါ ပြောကြားခဲ့သည့် ကဏ္ဍတွင် အလွန်အရေးပါသော ဆောင်ရွက်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကမ္ဘာ့ စီးပွားရေး ဖိုရမ် တည်ထောင်သူ KlausSchwab မှ တရုတ် နိုင်ငံ ၏ စီးပွားရေး အခြေခံ သည် အလွန် ခိုင်မာ မှု ရှိပြီး ဘက်စုံ ရေရှည် တိုးတက် ဖွံ့ဖြိုးရန် ကောင်းမွန်သည့် အနာဂတ် များရှိနေကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ပြည်သူလူထု အတွက်တင်မက ကမ္ဘာ့ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ အရေးပါသော ဆောင်ရွက်မှု များပြုနိုင်မည်ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မှလည်း တရုတ် နိုင်ငံ သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေးဆပ်ဆောင်ရွက်မှု များပြုလုပ် ခဲ့သည် ကို သိရှိခဲ့ရကြောင်း ၊ ကျွန်တော် ကိုယ်ပိုင် အမြင် အနေဖြင့် တရုတ် နိုင်ငံ ၏ စီးပွားရေး အနာဂတ် အား မကောင်းမြင်မှု များ ပြောကြားခြင်းသည် အရင်းအမြစ် မရှိသော ဝေဖန်မှု များသာ ဖြစ်ပြီး ထိုကဲ့သို့ ဝေဖန် ခဲ့ကြသူ များမှာ တရုတ် နိုင်ငံ စီးပွားရေး အပေါ် အခြေခံ ကျကျ နားမလည် သူများသာ ဖြစ်ကြကြောင်း ၊ တရုတ် နိုင်ငံ ၏ စီးပွားရေး အခြေအနေ မှာ အနာဂတ် တွင် ပိုမို တိုးတက်လာရန် အခွင့်အလမ်း များစွာရှိ ကြောင်း ပြောကြား ခဲ့သည်။

၈ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ် ဆိုင်ရာ အစီအစဉ် ချမှတ်ရေး ထိပ်သီး အစည်းအဝေး ကို အောက်တိုဘာ ၂၅ ရက် မှ ၂၇ ရက်နေ့ အထိ Abu Dhabi တွင်ကျင်းပ ခဲ့ပြီး စီးပွားရေး ကဏ္ဍ မှ ပညာရှင်များ နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း မှ ပညာရှင် ပေါင်း ၉၀၀ ကျော်တက်ရောက်ခဲ့ကြပြီး ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေး ကဏ္ဍ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှု များအား မည်တို့ ဖြေရှင်း သွားမည် ကို ဆွေးနွေး ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117