Connect with us

China

တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တစ်နေ့တစ်ခြား ပိုမို တိုးတက် ခိုင်မြဲလာ

ချစ်ကြည်ရေး အထိမ်းအမှတ် နှစ်နိုင်ငံ အလံများကို ကိုင်ဆောင်ထားသော ကလေးငယ်များကို တွေ့ရစဉ် (ဆင်ဟွာ)

ဟော်နေ့ ၊ နိုဝင်ဘာ ၃ ရက်နေ့ (ဆင်ဟွာ)

တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန် လာသည်နှင့် အမျှ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု သည်လည်း တစ်နေ့တစ်ခြား အောင်မြင် တိုးတက်လာ ခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံသည် ဗီယက်နမ် နိုင်ငံတွင် ဆောက်လုပ်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှု များစွာ ရှိခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်မှလည်း စိုက်ပျိုးရေး ထွက်ကုန်များ အပြန်အလှန် ပို့ဆောင်နေမှုသည် အစဉ်အမြဲ စည်ကား နေလျက် ရှိသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဗီယက်နမ် နိုင်ငံမှ တရုတ် နိုင်ငံသို့ စိုက်ပျိုးရေး ထွက်ကုန် တင်ပို့မှု သည် ၁၉.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄.၃၂ ဘီလီယံ ရှိခဲ့သည်။ တရုတ် နိုင်ငံသည် ၁၁ နှစ် ဆက်တိုက် နှစ်စဉ် ဗီယက်နမ် နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်မှု မိတ်ဆွေ နိုင်ငံ ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံသည် တရုတ် နိုင်ငံနှင့် အာဆီယံအတွင်း ဒုတိယ အကြီးမားဆုံး ကုန်သွယ်မှု နိုင်ငံ နေရာသို့ ရောက်ရှိလာ ခဲ့သည်။ ၂၀၁၅ ခုနှစ် ပထမ ကိုးလ အတွင်း စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၆၄.၁ ဘီလီယံ အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၁၂ ရာခိုင်နှုန်း တိုးတက် ခဲ့သည်။

တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင်လည်း အဆက်မပြတ် တိုးတက်မှုများ ရှိနေပြီး ယခုနှစ် ဇူလိုင်လတွင် တရုတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောင်းလိမှ ဗီယက်နမ်သို့ သွားရောက် ခဲ့စဉ်အတွင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ၁.၇၅၅ ဘီလီယံ တန်ဖိုးရှိသော ဗီယက်နမ် ယုံရှင်း ဓာတ်အားပေး စက်ရုံ ပူးပေါင်း ဆောင်ရွက်မှု ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်နိုင်ခဲ့သည်။ ယင်း စီမံကိန်းသည် နှစ်နိုင်ငံ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှု အတွက် အထောက်အကူများ ဖြစ်စေခဲ့ပြီး ဗီယက်နမ် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာကိုလည်း ဖြေရှင်း ပေးနိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.