Connect with us

China

ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများ တရုတ်နိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမှုများ ပိုမို ပြုလုပ်လာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း တွမ်ဟွမ်းဒေသ မင်ရှတောင်ပေါ်၌ ကုလားအုပ်များ စီးလာသော ကမ္ဘာလည့် ခရီးသွားများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာလ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ အကြံပြုခဲ့သည့် ပိုးလမ်းမကြီး ကုန်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံ ကွန်ရက် တစ်လျှောက်ရှိ နိုင်ငံများသည် တရုတ်နိုင်ငံတွင်း ၎င်းတို့၏ ပေါင်းစပ် ရင်းနှီးမြှုပ်နှံမှုများမှ ပထမ ၉ လ အတွင်း တိုးတက် ကြီးပွားမှုကို ပြန်လည် ရရှိခဲ့ကြောင်း နောက်ဆုံးရ တရားဝင် အချက်အလက်များအရ သိရှိရသည်။

အဆိုပါ နိုင်ငံများက တရုတ်နိုင်ငံ အတွင်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၆.၁၂ ဘီလီယံ အား ပထမ ၉ လ တွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး တစ်နှစ် ထက်တစ်နှစ် ၁၈.၄ ရာခိုင်နှုန်း တိုးမြှင့်သွားမည် ဖြစ်ကြောင်း စီးပွားရေး ဝန်ကြီးဋ္ဌာန ၏ အချက်အလက်များမှ သိရသည်။ ၎င်းသည် ဇန်နဝါရီမှ သြဂုတ်လ အတွင်း ကျဆင်းသွားသည့် ရင်းနှီးမြှုပ်နှံမှု ၂၉.၃ ရာခိုင်နှုန်းနှင့် ခြားနားသည့် ရလဒ် တစ်ခုဖြစ်ကြောင်း သိရသည်။

ငွေကြေး ဝန်ဆောင်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသည် ၁၅ ဆ ထိမြင့်တက်သွားသည့် အထဲတွင် ချေးငှားခြင်းနှင့် စီးပွားရေး ဝန်ဆောင်မှု လုပ်ငန်းများ နှစ်ဆ ဖြစ်သွားခြင်းတို့ ပါဝင်ကြောင်း ဝန်ကြီးဋ္ဌာန၏ အချက်အလက်များ အရ သိရသည်။

ဆော်ဒီအာရေဗျ၊ မလေးရှား နှင့် စင်ကာပူ တို့၏ ရင်းနှီးမြှုပ်နှံမှုသည် ပထမ ကိုးလအတွင်း သိသိသာသာ တိုးတက်လာကြောင်း သိသည်။
ပိုးလမ်းမကြီး အစပျိုးမှုသည် ခေတ်သစ် ပိုးလမ်းမကြီး နှင့် ၂၁ ရာစု ရေကြောင်း ပိုးလမ်းမကြီး အား ရည်ညွှန်းပြီး တရုတ်သမ္မတ ရှီကျင့်ဖိန်မှ ၂၀၁၃ ခုနှစ်တွင် ခေတ်ဟောင်း ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည် ဖော်ဆောင်ရေး ရည်ရွယ်ချက်ဖြင့် အကြံပြု တင်ပြခဲ့ခြင်း ဖြစ်သည်။
ပိုးလမ်းမကြီး ကွန်ရက်သည် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်ကို လွှမ်းခြုံထားနိုင်ပြီး လူဦးရေ စုစုပေါင်း ၄.၄ ဘီလီယံ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
တရုတ် ကုမ္ပဏီများ၏ ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ပထမ ၉ လ အတွင်း ၆၆.၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း အစောပိုင်း လေ့လာချက်များ အရ သိရသည်။ တရုတ်နှင့် အဆိုပါ နိုင်ငံများ ကုန်သွယ်မှုသည် ယင်းကာလအတွင်း ၁၀ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း သိရှိရသည်။ (Xinhua)