Connect with us

Local

တရုတ်-အီးယူ မြဲမြံတဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ တိုးမြှင့်ဖို့ လက်တွေ့ပူးပေါင်း ဆောင်ရွက်


ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

တရုတ် ဝန်ကြီးချုပ် လီခဲ့ချန်ရဲ့ ဥရောပခရီးစဉ် ငါးရက်တာ အတွင်းမှာ တရုတ်နဲ့အီးယူ စီးပွားရေး တိုးတက် ကောင်းမွန် မြဲမြံဖို့နဲ့၊ အကြံဉာဏ်သစ်တွေနဲ့ နှစ်ဖက်အကျိုးရှိရှိ ပူးပေါင်း ဆောင်ရွက်မှုတွေ ရရှိခဲ့ပါသည်။

လီရဲ့ ဘယ်လဂျီယံမှာရှိတဲ့ အီးယူရုံးချုပ် ပြီးတော့ ပြင်သစ် နိုင်ငံ ခရီးစဉ်တွေ သွားရောက်ခဲ့တဲ့ အချိန်မှာပဲ မဆုတ်သာ မတိုးသာ ဖြစ်နေတဲ့ ဂရိကြွေးမြီ ပြဿနာဟာလည်း ယူရိုဇုန် အနာဂတ်နဲ့ ဥရောပ စီးပွားရေး ပြန်လည် ထူထောင်မှုတွေအပေါ် လွှမ်းမိုး နေခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်လေးဆယ် ကတည်းက တရုတ်နဲ့ အီးယူ သံတမန် ဆက်ဆံရေး ထူထောင်လာခဲ့ပြီး နယ်ပယ်စုံမှာ ပူးပေါင်း ဆောင်ရွက်မှုတွေကနေ လျင်မြန်တဲ့ ဖွံ့ဖြိုး တိုးတက်မှု တွေရရှိခဲ့ပါသည်။

အီးယူဟာ လွန်ခဲ့တဲ့ ၁၁ နှစ်ကတည်းက တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက် ပါတနာဖြစ်ပြီး တရုတ် နိုင်ငံ ကတော့ လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက အီးယူရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်နေပါသည်။ နှစ်ဖက် ကုန်သွယ်မှုကတော့ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံ ကျော်လွန် ခဲ့ပါသည်။

အဖွဲ့ဝင်၂၈ ခု ပါဝင်တဲ့ ကုန်သွယ်ရေးအုပ်စုဟာ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ ရင်နှီးမြှုပ်နှံမှု ရင်းမြစ် ဖြစ်ပြီး မကြာသေးမီ နှစ်များအတွင်း မှာလည်း တရုတ် လုပ်ငန်းရှင်တွေရဲ့ အီးယူမှာ ရင်းနှီး မြှုပ်နှံမှုတွေဟာ မြင့်တက်နေပါသည်။

လက်ရှိမှာ တရုတ်နိုင်ငံက ထုတ်ကုန်စွမ်းရည် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်နေသလို အီးယူကလည်း စီးပွားရေး ပြန်လည် ဖြည့်တင်းရေး အတွက် ပမာဏ အမြောက်အများ ရင်းနှီး မြှုပ်နှံမှု အစီအစဉ်တွေ အကောင်အထည် ဖော်ဖို့ မျှော်လင့်နေပါသည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ချုပ်တွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

စက်မှုလုပ်ငန်း ထွန်းကား ပြီးတဲ့ ဆယ်စုနှစ် သုံးခု အလွန် နောက်ပိုင်းမှာ တရုတ်နိုင်ငံဟာ ခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းနဲ့ ပစ္စည်းကိရိယာ ထုတ်လုပ်ခြင်းတွေ မှာ အောင်မြင်မှု တွေရရှိခဲ့ ပါသည်။ တရုတ်နိုင်ငံ အရေးနဲ့ သည်နယ်ပယ်တွေမှာ အီးယူနဲ့ ပူးပေါင်းလိုက်ခြင်းဟာ နှစ်ဖက် လိုအပ်ချက်တွေကို နှိုးဆွပေးလိမ့်မှာ ဖြစ်ပြီး သူတို့ရဲ့ စီးပွားရေး ကြီးထွားမှု အရှိန်အဟုန်ကို ထောက်ပံ့ ပေးနိုင်မည်ဖြစ်သည်။

တရုတ်-အီးယူ ဆက်ဆံရေးဟာ ကမ္ဘာပေါ်မှာ တည်ငြိမ်ပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုး ဖြစ်ကြောင်း၊ ဥရောပနိုင်ငံတွေရဲ့ နည်းပညာ တိုးတက်မှုတွေနဲ့ အတူ တရုတ်နိုင်ငံ၏ ထုတ်ကုန်စွမ်းရည်နဲ့ စက်ပစ္စည်း ထုတ်လုပ်မှု အကျိုးကျေးဇူးတွေ ပေါင်းစည်းဖို့ ဝန်ကြီးချုပ်လီက အဆိုပြုခဲ့ပါသည်။

ဂရိ ကြွေးမြီကိစ္စ နှင့်ပတ်သက်ပြီး လီက တရုတ်နိုင်ငံဟာ ဥရောပ ပေါင်းစည်းရေး လုပ်ငန်းစဉ်မှာ ခိုင်မာသော ထောက်ပံ့သူအဖြစ်နဲ့ ရှိနေမှာဖြစ်ကြောင်း၊ ဤကိစ္စမှာလည်း လုံလောက်တဲ့ ဖြေရှင်းမှုတွေကို ရရှိနိုင်ဖို့ မျှော်လင့်ကြောင်း ဥရောပ ပါလီမန်ဥက္ကဌ Martin Schulz နဲ့တွေ့ဆုံစဉ်က ပြောပါသည်။

ကမ္ဘာ့စီးပွားရေး ကြီးနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ အီးယူတို့လက်တွဲမှုဟာ စီးပွားရေးတည်ငြိမ်မှု မြှင့်တင်ရေး၊ ကမ္ဘာ့ စီးပွားရေး ကြီးထွားမှု မျှတရေးတွေအတွက် အကူအညီ ဖြစ်စေနိုင်ကြောင်း လေ့လာသူတွေက ပြောပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.