Connect with us

Local

၃၅ ကြိမ်မြောက် ပြည်တွင်းပုလဲရောင်းချပွဲတွင် ပုလဲ အတွဲပေါင်း ၃၅၈ တွဲ ရောင်းချခဲ့ရပြီး ငွေကျပ် သန်းပေါင်း ၂၆ဝ၅ သန်း ရရှိ

၃၅ ကြိမ်မြောက် ပြည်တွင်းပုလဲရောင်းချပွဲတွင် ပုလဲအတွဲများ ပြသ ရောင်းချနေမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)

၃၅ ကြိမ်မြောက် ပြည်တွင်းပုလဲရောင်းချပွဲတွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပုလဲအတွဲ စုစုပေါင်း ၄ဝ၆ တွဲကို တင်ပြ ရောင်းချခဲ့ရာ ပုလဲအတွဲ ၃၅၈ တွဲ ရောင်းချခဲ့ရပြီး စုစုပေါင်း တန်ဖိုး ငွေကျပ် သန်းပေါင်း ၂၆ဝ၅ သန်း ရောင်းချရရှိခဲ့ကြောင်း သိရသည်။

ရောင်းချရရှိသော ပုလဲအတွဲ ၃၅၈ တွဲတွင် နိုင်ငံပိုင်ပုလဲအတွဲ ၂၇၆ တွဲ အတွက် တန်ဖိုးငွေကျပ် သန်းပေါင်း ၁၇၄၄ သန်း နှင့် ပုဂ္ဂလိကပိုင် ပုလဲအတွဲ ၈၂ တွဲ အတွက် တန်ဖိုးငွေကျပ် သန်းပေါင်း ၈၆၁ သန်း ရောင်းချရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။၃၅ ကြိမ်မြောက် ပြည်တွင်းပုလဲရောင်းချပွဲကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်ထိ နေပြည်တော်ရှိ မြန်မာ့ ကျောက်မျက်ရတနာ ပြတိုက်၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်တွင်း ပုလဲကုမ္ပဏီနှင့် ရတနာဆိုင် ၅၆ ခုမှ ကုန်သည် ၁၁ဝ ဦး တက်ရောက် ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းအနေဖြင့် ပြည်တွင်း၌ ကျပ်ငွေဖြင့်လည်းကောင်း၊ နိုင်ငံခြားငွေဖြင့်လည်းကောင်း ပုလဲ ရောင်းချပွဲ စုစုပေါင်း ၁၂၁ ပွဲမှ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁ဝ၇ သန်း၊ ယူရိုငွေသန်းပေါင်း ၃၄ သန်း၊ FEC ဝ.၂ သန်း၊ ကျပ်ငွေသန်းပေါင်း ၁၁ဝ၈၉ သန်းကို နိုင်ငံတော်ဝင်ငွေအဖြစ် ရရှိခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။ပြည်တွင်း၌ ကျပ်ငွေဖြင့် ပုလဲ ရောင်းချပွဲ များအား ၁၉၉၃ ခုနှစ်မှ စတင် ရောင်းချခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.