Connect with us

Local

မြန်မာကျပ်ငွေဖြင့် အတွဲအများဆုံး တင်ပြသည့် ပုလဲရောင်းချပွဲ နေပြည်တော်တွင် ကျင်းပ

(၃၅) ကြိမ်မြောက် ပုလဲ ရောင်းချပွဲတွင် အခြေခံ တန်ဖိုး အမြင့်ဆုံး ပုလဲတွဲ Lot No. 364 အား တွေ့ ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပုလဲပြပွဲများအနက် အတွဲအများဆုံး ပုလဲရောင်းချပွဲဖြစ်သည့် (၃၅) ကြိမ် မြောက် ပြည်တွင်း ပုလဲရောင်းချပွဲကို နေပြည်တော် မြန်မာ့ ကျောက်မျက်ရတနာ ပြတိုက်တွင် ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပလျက်ရှိသည်။

“ပြည်တွင်းမှာ မြန်မာကျပ်ငွေနဲ့ ပုလဲရောင်းချတဲ့ ပွဲတွေမှာ ဒီ ပွဲက ပုလဲအတွဲရေ အများဆုံး (၄၀၆ တွဲ) ပွဲဖြစ်ပါတယ်၊ ပြည်တွင်းမှာပဲ နိုင်ငံခြားငွေနဲ့ရောင်းတာလည်း ရှိတယ်၊ ကျပ်ငွေနဲ့ရောင်းတဲ့ပွဲလည်း ရှိပါတယ်၊ ၂၀၁၃ ခုနှစ်ကစပြီး ပြည်ပမှာ သွားရောင်းတဲ့ ပွဲလည်း ရှိပါတယ်၊ ပြည်ပမှာ တစ်နှစ်ကို တစ်ကြိမ်နဲ့လေးကြိမ် ရောင်းပြီးပါပြီ။ ပြည်ပ ဈေးကို စတင်ထိုးဖောက်တာ အများကြီး အောင်မြင်ပါတယ်၊ အခုဆိုရင် မြန်မာ့ ပုလဲရဲ့ အရည်အသွေးကို ကမ္ဘာက တော်တော် သိသွားပါပြီ၊ အလယ်အလတ်တန်းစား အရည်အသွေးရှိတဲ့ ပုလဲတွေကို ပြည်တွင်းမှာ ရောင်းတာပါ” ဟု ပုလဲရောင်းချရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း လက်ထောက် အထွေထွေ မန်နေဂျာ ပြပွဲတာဝန်ခံ ဒေါ်မြမြဝင်းက ဆင်ဟွာကို ပြောသည်။

နိုင်ငံတော်ပိုင် ပုလဲ ၂၇၆ တွဲ (အလုံးရေ ရှစ်သောင်းကျော်၊ အခြေခံ တန်ဖိုး ကျပ် ၈ ဒသမ ၅၆၄ ဘီလျံ)၊ မြန်မာ့ ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ဖက်စပ်ပြီး ပုလဲ မွေးမြူ ထုတ်လုပ်သည့် ပုဂ္ဂလိက ကုမ္ပဏီ သုံးခုတို့မှ ပုလဲ အတွဲ ၁၃၀ (အလုံးရေ ၄၂၅၅၆၊ အခြေခံ တန်ဖိုး ကျပ် ၈ ဒသမ ၅၂၈ ဘီလျံ)၊ စုစုပေါင်း ပုလဲအတွဲ ၄၀၆ တွဲ ( ပုလဲ အလုံးရေ ၁၂၇၄၀၇ လုံး၊ အခြေခံ တန်ဖိုး ကျပ် ၁၇ ဒသမ ၀၉၃ ဘီလျံ) ပါဝင် ပြသ ရောင်းချနေသည့် အဆိုပါ (၃၅) ကြိမ်မြောက် ပြည်တွင်း ပုလဲရောင်းချပွဲသို့ တက်ရောက်ရန် အဆိုပြု ကုန် သည် ၆၀ ဦး ရှိကြောင်း သိရသည်။

“ အခုပွဲမှာ အိတ်ဖွင့် တင်ဒါ စနစ်နဲ့ရောင်းချတာပါ၊ ၂၂ ရက်နေ့နေ့လယ် ၁၂ နာရီမှာ အတွဲ ၁၃၆ တွဲပါတဲ့ တင်ဒါအမှတ် (၁) ကို စတင်ရောင်းချပြီး နေ့လယ် ၁ း ၀၀ နာရီမှာ ရလဒ်တွေ ကြေညာပါမယ်၊ ပုလဲတွဲ ၁၃၅ တွဲ ပါတဲ့ တင်ဒါ အမှတ်(၂)ကို ညနေ ၄ း ၀၀ နာရီမှာ စတင်ရောင်းချပြီး ညနေ ၅ နာရီခွဲလောက်မှာ ကြေညာပါမယ်၊ ကျန်တဲ့ ပုလဲတွဲ ၁၃၅ တွဲကို မနက်ဖြန် နေ့လယ် ၁၂ နာရီမှာ ရောင်းချပါမယ်” ဟုလည်း ဒေါ်မြမြဝင်းက ရှင်းပြသည်။ ယခု ပုလဲရောင်းချပွဲတွင် တန်ဖိုးအမြင့်ဆုံး ပုလဲတွဲမှာ Lot No. 364 ဖြစ်ပြီး အခြေခံ တန်ဖိုးမှာ ကျပ် ၃၃၂ သိန်းရှိကြောင်းလည်း သူမက ရှင်းပြခဲ့သည်။

ပြီးခဲ့သည့် (၃၄)ကြိမ်မြောက် မြန်မာ့ ပုလဲရောင်းချပွဲသို့ ပုလဲ အတွဲ ၃၇၆ တွဲ တင်ပြခဲ့ပြီး့ပြည်တွင်း ကုန်သည် ၈၀ ဦး တက်ရောက်ခဲ့ကြကာ ပုလဲ ၃၄၇ တွဲ ရောင်းချခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.