Connect with us

Politics, Law & Military

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံ တို့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအား ပေကျင်းမြို့တွင်ကျင်းပမည်

တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ဂျပန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ကိုးကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကို သြဂုတ်လ ၂၁ ရက်တွင် ပေကျင်းမြို့၌ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သြဂုတ်၁၆ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) က အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha နှင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို (Taro Kono)တို့ အစည်းအဝေးသို့တက်ရောက်ကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Hua Chunying ကပြောသည်။ ဤအစည်းအဝေးတွင် ၈ ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယားခေါင်းဆောင်များအစည်းအဝေး အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း နှင့် ကမ္ဘာနှင့် ဒေသတွင်း ဘုံပြဿနာများနှင့်ပတ်သက်၍ အမြင်များဖလှယ်ခြင်းတို့ကိုပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)