Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် လာအိုနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့က ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းအချိန်တွင် လာအို နိုင်ငံ ဗီယင်ကျန်း မြို့ ၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးစဉ် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က လာအို နိုင်ငံ အနေဖြင့် အခက်အခဲ များကို ကျော်လွှား၍ အချိန်တို အတွင်း တရုတ်-အာဆီယံ COVID-19 ရောဂါ ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး နှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး စီစဉ်ခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ နှင့် အစိုးရ ၏ အရေးကြီးဆုံး ကိစ္စရပ် မှာ ကပ်ရောဂါ တိုက်ဖျက်ရေး ဖြစ်ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဦးဆောင်မှု အောက်တွင် ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း အား ပြည်သူလူထု တစ်ရပ်လုံးဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်နေကြောင်း ၊ ကျင်းပပြုလုပ် ခဲ့သည့် အစည်းအဝေး နှစ်ရပ်လုံး တွင် တရုတ် နိုင်ငံ အပေါ် အပြည့်အဝ အသိအမှတ်ပြုကြောင်း ၊ ထောက်ခံကြောင်း နှင့် ယုံကြည်ကြောင်း ပြောကြားချက်များ က တရုတ်-လာအို နှင့် တရုတ်-အာဆီယံ ၏ အဓိကကျသည့် အချိန်ကာလ တွင်အတူတကွ ရပ်တည်ပြီး စိန်ခေါ်မှု ကိုအတူတကွ ရင်ဆိုင်သည့် ကောင်းမွန်သည့် အစဉ်အလာ ကို ဖော်ပြနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က တရုတ်-လာအို နှစ်နိုင်ငံ ဆက်ဆံရေး က ကံကြမ္မာအကျိုးတူ အသိုက်အဝန်း တည်ဆောက်သည့် ခေတ်ကာလသစ် သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လာအို နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ နှင့် နှစ်ပါတီ အမြင့်ဆုံး ခေါင်းဆောင်များ ရရှိထားသည့် သဘောတူညီချက်များအား အကောင်အထည် ဖော်သွားလိုကြောင်း ၊ လာမည့်နှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း က နှစ် ၆၀ ပြည့်မည် ဖြစ်ပြီး ယင်းအချိန်အခါ သာမယ တွင် ကဏ္ဍစုံ ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ ကို စီစဉ်ကာ တရုတ်-လာအို အစဉ်အလာ ချစ်ကြည်ရေး ၏ သမိုင်း စာမျက်နှာသစ် ကို ရေးထိုးသွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လာအို နိုင်ငံ နှင့် အဆင့်မြင့် အရာရှိ ကူးလူးဆက်ဆံရေး အား ထိန်းသိမ်းသွားလိုပြီး တရုတ်-လာအို မီးရထားလမ်း နှင့် တရုတ်-လာအို စီးပွားရေး စင်္ကြ ံ တည်ဆောက်ရေး တို့အား တွန်းအားပေး ဆောင်ရွက် သွားလိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်း အား အရှိန်မြှင့်တင်ဆောင်ရွက်ခြင်း က လာအို နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားပေး နိုင်မည် ဖြစ်ကြောင်း ၊ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ခြင်း က နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှု နှင့် စည်းလုံးမှု ကို ပိုမိုမြှင့်တင်ပေးနိုင်မည် ဖြစ်ပြီး နိုင်ငံတကာ စင်မြင့်တွင် အတူတကွ အကျိုးစီးပွား ကို ပိုမို ထိရောက်စွာ ထိန်းသိမ်း နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က လာအို နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ဆောင်ရွက်ခဲ့သော ကြီးမားသည့် ကြိုးပမ်းအားထုတ်မှု များ အပေါ် မြင့်မားစွာ ချီးကျူးလိုပြီး တရုတ် နိုင်ငံ ပြည်သူလူထု နှင့် အတူတကွ ခိုင်မြဲစွာ ရပ်တည်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ပါတီ နှင့် အစိုးရ ၏ ဦးဆောင်မှု အောက်တွင် တရုတ် နိုင်ငံ ပြည်သူလူထု က ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ပွဲတွင် အနိုင်ရရှိမည် ကို ယုံကြည်ကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အပေါ် လွန်စွာ အလေးထားပြီး လတ်တလော ကာလအတွင်း အဆင့်မြင့် အရာရှိ အစည်းအဝေး ကျင်းပ ပြုလုပ်ကာ လက်တွေ့အကောင်အထည် ဖော်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ ပြီး  လာအို-တရုတ် ရထားလမ်း အား သတ်မှတ်ချိန် တွင် စတင် အသုံးပြု နိုင်ရန် တွန်းအားပေး ဆောင်ရွက်ကာ လာအို-တရုတ် စီးပွားရေး စင်္ကြ ံ တည်ဆောက်ရေး အား အရှိန်မြှင့်တင် ဆောင်ရွက်သွားလိုကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ကာလတစ်လျှောက် လာအို နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေးအပ်ခဲ့သည့် တန်ဖိုးကြီးမားသော အကူအညီများ အပေါ် ကျေးဇူးတင်လိုပြီး တရုတ် နိုင်ငံ ၏ အဓိက အကျိုးစီးပွား နှင့် သက်ဆိုင်သော ကိစ္စရပ်များ တွင် တရုတ် နိုင်ငံ ၏ မှန်ကန်သည့် ရပ်တည်မှု များကို ခိုင်မြဲစွာ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ၊ လာမည့်နှစ်တွင် လာအို နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ “လာအို-တရုတ် ချစ်ကြည်ရေးနှစ်” အား အောင်မြင်စွာ ဆောင်ရွက်သွားလိုပြီး နှစ်နိုင်ငံ ဆက်ဆံရေး တွင် ပိုမိုများပြားသည့် အောင်မြင်မှုများ ရရှိအောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။  (Xinhua)