Connect with us

Politics, Law & Military

ဖက်ဆစ်ဂျပန်ကို တွန်းလှန်ရေး အောင်ပွဲခံ နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား အတွက် တရုတ် နိုင်ငံမှ စစ်ရေးပြ ကျင်းပရန် စီစဉ်

စစ်ရေးပြ အခမ်းအနား ညွှန်ကြား ပေးသည့် အဖွဲ့၏ ဒုတိယ ညွှန်ကြားရေးမှူး Qu Rui (ညာ) မှ သတင်းစာရှင်းလင်းပွဲတွင် စစ်ရေးပြအခမ်းအနား အကြောင်း ရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပေကျင်း၌ ယခုနှစ် စက်တင်ဘာလ ၃ ရက်တွင် ကျင်းပရန် တရုတ်နိုင်ငံက ကြေညာခဲ့သည်။ ၎င်းအခမ်းအနား ကျင်းပရေး အတွက် ပြည်ပ နိုင်ငံများ၏ စစ်တပ်များကို စစ်ရေးပြ ချီတက်ရန် ဖိတ်ကြားကာ တရုတ် နိုင်ငံက ကျင်းပမည့် အခမ်းအနား အစီအစဉ်များကို ဇွန်လ ၂၃ ရက်တွင် ကြေညာခဲ့သည်။

၎င်း အခမ်းအနားကို တရုတ် ကွန်မြူနစ် ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်မှ တက်ရောက် အမှာစကား ပြောကြားမည် ဖြစ်ကြောင်း CPC ဗဟိုကော်မတီ သတင်းပြန်ကြားရေးဌာန ဒုတိယ ခေါင်းဆောင် Wang Shiming က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ရှီကျင့်ဖိန်မှ စစ်ပွဲအတွင်း ကျဆုံးသွား သူများ၏ မိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်းများကို ဆုတံဆိပ် ချီးမြှင့် သွားမည် ဖြစ်သည်။

ယခု အခမ်းအနားသည် ဂျပန်၏ ဖက်ဆစ် ကျူးကျော်မှု အပေါ် တရုတ် နိုင်ငံက အောင်မြင် ခဲ့သည့် နှစ် ၇၀ ပြည့် မြောက်သည့် အထိမ်းအမှတ် ဖြစ်သည်။ ၎င်း အထိမ်းအမှတ် ပွဲတွင် တရုတ် နိုင်ငံ အနေဖြင့် စစ်ရေးပြ အခမ်းအနား ပြုလုပ်သည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။စစ်ပွဲတွင် အသက်စွန့် ကြိုးပမ်း ခဲ့သည့် အာဇာနည်များ၊ စစ်မှုထမ်းဟောင်းများ ၊ အရပ်သားများကို လေးစားကြောင်း ပြသသည့် အနေဖြင့် ဒုတိယကမ္ဘာစစ် အတွင်းက တာဝန် ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းဟောင်းများ၏ ကိုယ်စားလှယ်များ၊ စစ်တပ်ကို အကူအညီပေးခဲ့သော အရပ်သားများနှင့် ကျဆုံးသွားသူများ၏ မိသားစုဝင်များလည်း စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း စစ်ရေးပြ အခမ်းအနားကို ညွှန်ကြား ပေးသည့် အဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး Qu Rui က ပြောကြားသည်။

ရေတပ် ၊ လေတပ် ၊ ဒုံးကျည်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ ၊ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ဌာနချုပ်အောက်ရှိ တပ်ဖွဲ့များမှ စစ်ရေး ပြသမည် ဖြစ်ကြောင်း Qu က ပြောကြားသည်။

စစ်ရေးပြ အခမ်းအနား ညွှန်ကြား ပေးသည့် အဖွဲ့၏ ဒုတိယ ညွှန်ကြားရေးမှူး Qu Rui မှ သတင်းထောက်များအား စစ်ရေးပြအခမ်းအနား အကြောင်း ရှင်းလင်း ပြောကြားနေစဉ် (ဆင်ဟွာ)

ဒုတိယ ကမ္ဘာစစ် အတွင်းက သူရဲကောင်းများ၊ စံပြ ပုဂ္ဂိုလ်များကို ကိုယ်စားပြုကာ စစ်ရေးပြ ချီတက် သွားမည် ဖြစ်ကြောင်း ဆိုသည်။ အခမ်းအနားတွင် ခေတ်မှီသော စစ်လက်နက်များ ၊ တင့်ကားများ အစရှိသည့် ကိုယ်တိုင် ထုတ်လုပ်ထားသော လက်နက် အမျိုးမျိုးကို ပထဆုံး အနေဖြင့် ပြည်သူကို ပြသမည် ဖြစ်သည်။

“ ပြည်ပ နိုင်ငံများက စစ်တပ်တွေ ပါဝင် ဖို့လည်း ကျွန်တော်တို့ ဖိတ်ကြား ထားပါတယ်” ဟု Qu က ပြောကြား သည်။ စစ်ရေးပြတွင် ပါဝင်သည့် စစ်သည် များအားလုံးသည် ပေကျင်း လေ့ကျင့်ရေး စခန်းနှင့် အနီးအနားရှိ လေဆိပ်များတွင် စုဝေး ရောက်ရှိနေကြသည်။ အခမ်းအနား အတွက် ၃ လ ကြာ စခန်းသွင်း လေ့ကျင့်မည် ဖြစ်သည်။

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက် တွင် ဂျပန်က ၎င်း၏ ကျူးကျော်စစ်ကို အရှုံးပေးကြောင်း တရားဝင် လက်မှတ် ရေးထိုးခဲ့သည်။ တရုတ် နိုင်ငံသည် ၁၉၄၅ စက်တင်ဘာလ ၃ ရက်တွင် ဖက်ဆစ် ဂျပန်ကို တွန်းလှန် အောင်မြင်သည့် အခမ်းအနား ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.