Connect with us

Politics, Law & Military

သတ္တမ အကြိမ်မြောက် တရုတ်-အမေရိကန် မဟာဗျူဟာ နှင့် စီးပွားရေး ဆွေးနွေးပွဲ မှ သဘောတူညီချက် ပေါင်း ၁၂၇ ခု ရရှိ

သတ္တမ အကြိမ်မြောက် တရုတ်-အမေရိကန် မဟာဗျူဟာ နှင့် စီးပွားရေး ဆွေးနွေးပွဲ တက်ရောက် ခဲ့ကြသော ကိုယ်စားလှယ် များ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့စဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ မှ ၂၄ ထိ အမေရိကန် နိုင်ငံ ဝါရှင်တန် တွင် ကျင်းပ ခဲ့သော သတ္တမ အကြိမ်မြောက် တရုတ်-အမေရိကန် မဟာဗျူဟာ နှင့် စီးပွားရေး ဆွေးနွေးပွဲ သို့ တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် အထူးကိုယ်စားလှယ် တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲချိ နှင့် အမေရိကန် နိုင်ငံ သမ္မတ အိုဘားမား အထူးကိုယ်စားလှယ် အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ တို့မှ ဆွေးနွေးပွဲ အား ပူးတွဲ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံ အစိုးရ၏ သက်ဆိုင်ရာ အရာရှိ များ တက်ရောက် ခဲ့ကြသည်။

နှစ်နိုင်ငံ မှ နှစ်နိုင်ငံ အရေးကြီး ကိစ္စရပ်များ ၊ ဒေသတွင်း နှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ် များကို အသေးစိတ် ဆွေးနွေးခဲ့ပြီး သဘောထား အမြင်များ ဖလှယ် ခဲ့ကြကာ သဘောတူညီချက် ပေါင်း ၁၂၇ ခု ရရှိ ခဲ့သည်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍတွင် နှစ်နိုင်ငံ ထိပ်တန်း အရာရှိများ ကူးလူးဆက်ဆံရေး ၊ စစ်ဘက် ဆက်ဆံရေး ၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ၊ လုံခြုံရေး ဆိုင်ရာ မဟာဗျူဟာ ဆွေးနွေးခြင်း ၊ အကြီးစား လက်နက် မပြန့်ပွားရေး ၊ အဂတိ လိုက်စားမှု ပူးပေါင်းဆောင်ရွက်ခြင်း ၊ အရေးပေါ် စီမံခန့်ခွဲမှု ၊ အကောက်ခွန် ဌာန ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ၊ နျူကလီယား နှင့် အခြား ဒြပ်ရောင်ခြည် ထုတ်လွတ် နိုင်သည့် ပစ္စည်းများ တရားမဝင် သယ်ယူ ပို့ဆောင်ခြင်း အား ကာကွယ်ရေး စသော သဘောတူညီမှု များပါဝင်သည်။

အပြည်ပြည်ဆိုင်ရာ ကဏ္ဍတွင် ကိုးရီးယား ကျွန်းဆွယ်အရေး ၊ အာဖဂန် အရေး ၊ အီရန် အရေး ၊ ဆီးရီးယား အရေး ၊ အီရတ် ကိစ္စရပ် ၊ တောင်မြောက် ဆူဒန် ကိစ္စရပ် ၊ အကြမ်းဖတ်မှု တိုက်ဖြတ်ရေး ပူးပေါင်းဆောင်ရွက်မှု ၊ လူသားခြင်း စာနာထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ခြင်း ၊ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု ၊ နိုင်ငံတကာ စီးပွားရေး ကိစ္စရပ် ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ခြင်း ၊ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု စသော သဘောတူညီမှု များပါဝင်ခဲ့သည်။

ထို့ပြင် ရာသီဥတု ပြောင်းလည်းမှု နှင့် စွမ်းအင် အရင်းအမြစ် ၊ သဘာဝ ပတ်ဝန်းကျင်း ထိမ်းသိန်းရေး ၊ ပင်လယ် သမုဒ္ဒရာ ၊ ကျန်းမာရေး ၊ နည်းပညာ နှင့် စိုက်ပျိုးရေး ၊ ဒေသတွင်း ဆိုင်ရာ နှင့် နှစ်နိုင်ငံ စွမ်းအင် ပတ်ဝန်းကျင် နှင့် နည်းပညာ စသည့် ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ ကဏ္ဍ များပါဝင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.