Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြ အခမ်းအနားအား ဆင်ဟွာ (မြန်မာ) အွန်လိုင်းမှ တိုက်ရိုက် ကြည့်ရှုနိုင်

ဆင်ဟွာ (မြန်မာ) အွန်လိုင်း ဝက်ဘ်ဆိုဒ် စာမျက်နှာ (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်းနှစ် ၇၀ ပြည့် စစ်ရေးပြ အခမ်းအနား အား ကြာသပတေးနေ့ (စက်တင်ဘာလ ၃ ရက်) မြန်မာစံတော်ချိန် နံနက် ရး၃၀ နာရီ (တရုတ်နိုင်ငံ ဒေသ စံတော်ချိန် နံနက် ၉း၀၀ နာရီ) မှ စတင်၍ ဆင်ဟွာ (မြန်မာ) အွန်လိုင်း ဝက်ဘ်ဆိုဒ် စာမျက်နှာတွင် တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

ထိုစစ်ရေးပြ အခမ်းအနားကို ဆင်ဟွာ (မြန်မာ) အွန်လိုင်း ဝက်ဘ်ဆိုဒ် Link ဖြစ်သော “http://www.xinhuamyanmar.com/videos/1129-chinavday” တွင် တိုက်ရိုက် ကြည့်ရှုနိုင် မည် ဖြစ်ပါသည်။

အခမ်းအနား အား ပေကျင်းမြို့ရှိ ထန်းအန်းမိန် ရင်ပြင်တွင် ကျင်းပမည် ဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အတူ မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် ၊ ရုရှား နိုင်ငံ သမ္မတ ပူတင် ၊ တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေး ၊ လာအို နိုင်ငံ သမ္မတ Choummaly Sayasone ၊ ဗီယမ်နမ် နိုင်ငံ သမ္မတ Truong Tan Sang ၊ တောင်အာဖရိက သမ္မတ Jacob Zuma ၊ ပါကစ္စတန် နိုင်ငံ သမ္မတ Mamnoon Hussain ၊ အီဂျစ် သမ္မတ Abdel Fattah el-Sisi အစရှိသည့် နိုင်ငံပေါင်း ၃၀ မှ နိုင်ငံ ခေါင်းဆောင်များက အတူတကွ ကြည့်ရှုကြမည် ဖြစ်သည်။

အခမ်းအနားသို့ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ တက်ရောက်ကြမည် ဖြစ်ပြီး အစိုးရ ကိုယ်စားလှယ် များအနေဖြင့် သြစတြေးလျ ၊ ဘရာဇီး ၊ ပြင်သစ် ၊ ဟန်ဂေရီ ၊ အိန္ဒိယ ၊ အီတလီ ၊ မလေးရှား ၊ ဟော်လန် ၊ စင်ကာပူ နှင့် ဗြိတိန် စသည့် နိုင်ငံ တို့မှ ပါဝင်ကြောင်း သိရှိရသည်။ ထို့ပြင် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူ များမှလည်း တက်ရောက် ကြမည် ဖြစ်ကြောင်း သိရှိရသည်။

ယခု ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနားတွင် စစ်သည် ၁၂,၀၀၀ ပါဝင်မည် ဖြစ်ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံမှ နိုင်ငံခြား စစ်သည် ၁,၀၀၀ တို့လည်း ပါဝင်မည် ဖြစ်သည်။ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များနှင့် စစ်လက်နက် အမျိုးအစား ၄၀ ကျော်ဖြင့် စစ်လက်နက်ပေါင်း ၅၀၀ ကျော် ၊ လေယာဉ် အမျိုးအစား ၂၀ ကျော်ဖြင့် လေယာဉ် ပေါင်း အစင်း ၂၀၀ ကျော် ပါဝင်မည် ဖြစ်သည်။

အခမ်းအနားတွင်ပြသမည့် စစ်လက်နက် များသည် အများစုမှာ တရုတ် နိုင်ငံ ပြည်တွင်းမှ ထုတ်လုပ်သည့် စစ်လက်နက်များ ဖြစ်ကြပြီး ၎င်းတို့ အတွင်းမှ ၈၄ ရာခိုင်နှုန်းသည် ပထမ အကြိမ် ထုတ်ဖေါ် ပြသမည့် စစ်လက်နက်များ ဖြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.