Connect with us

Social, Education & Health

ဆေးရုံ အခက်အခဲကို ဖြေလျှော့ရန် အခမဲ့အွန်လိုင်း ကျန်းမာရေးအကြံပြုဆွေးနွေးမှုကို အလီဘာဘာ မိတ်ဆက်

AliHealth လိုဂိုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟန်ကျိုး၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်တာနက်လုပ်ငန်းကြီးဖြစ်သော အလီဘာဘာက နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (Novel Coronavirus) ပျံ့နှံ့မှုများကြောင့် ဆေးရုံများအခက်အခဲကို ဖြေလျှော့ရန် ကြိုးပမ်းမှုအဖြစ် အခမဲ့ အွန်လိုင်း ကျန်းမာရေးအကြံပြုဆွေးနွေးမှုဆိုင်ရာ ဝန်ဆောင်မှုများကို မိတ်ဆက်လိုက်ကြောင်း သိရသည်။

သုံးစွဲသူများအနေဖြင့် အလီဘာဘာ အွန်လိုင်းဈေးဝယ်ပလက်ဖောင်းများဖြစ်သော Taobao သို့မဟုတ် Alipay မိုဘိုင်း ငွေပေးချေမှု app ပေါ်တွင် အမျိုးသားကျန်းမာရေးကော်မရှင်မှ အကြံပြုဆွေးနွေးမှုဆိုင်ရာ ဝန်ဆောင်မှုရရှိနိုင်ကြောင်းနှင့် နိုင်ငံတစ်ဝန်းရှိ အချိန်နှင့်တပြေးညီ ရောဂါဆိုင်ရာအချက်အလက်ကို ကြည့်ရှုနိုင်ကြောင်း သိရသည်။

အဆိုပါ app မှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ ဆရာဝန်များစွာက ဝန်ဆောင်မှု ထောက်ပံ့ပေးလျက်ရှိကြောင်း ကုမ္ပဏီက ဆိုသည်။၎င်း app ကိုစတင်ကြေညာခဲ့ပြီး ၂၄ နာရီအတွင်း ဇန်နဝါရီ ၂၆ ရက် နံနက် ၁၂:၀၀ နာရီက Homepage တွင် ဝင်ရောက်သူ ၄၀၀,၀၀၀ နီးပါးရှိခဲ့ကြောင်း၊ ယင်းအနက် ၉၇ ရာခိုင်နှုန်းမှာ ရောဂါဖြစ်ပွားမှုအများဆုံး တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်မှဖြစ်ကြောင်း ဝန်ဆောင်မှုလုပ်ဆောင်သူ AliHealth ၏ အချက်အလက်အရ သိရသည်။ပေးပို့လာသည့် မေးခွန်းများအနက် ၉၀ ရာခိုင်နှုန်းကျော်မှာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်နှင့် အဆုတ်ရောင်ရောဂါ ကာကွယ်ခြင်းနှင့် ကုသခြင်းဆိုင်ရာမေးခွန်းများဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။ (Xinhua)