Connect with us

ASEAN

 ပြင်သစ်နိုင်ငံ မွေးမြူရေးခြံတစ်ခုရှိ မြွေပါများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွား

ပြင်သစ်နိုင်ငံ ပါရီမြို့၏ မြင်ကွင်းတစ်နေရာအား နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (Xinhua/Gao Jing)

ပါရီ၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ပြစ်သစ်နိုင်ငံ မွေးမြူရေးခြံတစ်ခု၌ မွေးမြူထားသော မြွေပါကောင်လေးများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားသည့်အခြေအနေရှိကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ အမျိုးသား ကျန်းမာရေးကဏ္ဍလုံခြုံရေးဌာနက နိုဝင်ဘာလလယ်ပိုင်းမှစ၍ သိပ္ပံ သုတေသနစီမံကိန်းတစ်ခုကို စတင်ခဲ့ပြီး မွေးပါမွေးမြူရေးခြံ ၄ ခုတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ရှိမရှိ စစ်ဆေးခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန၏ ယင်းနေ့ ထုတ်ပြန်ချက်များအရ သိရသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့၏ မြင်ကွင်းတစ်နေရာအား နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (Xinhua/Gao Jing)

လက်ရှိအချိန်အထိ Eure-et-Loirပြည်နယ်ရှိ မွေးမြူရေးခြံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သည့်အခြေအနေကို တွေ့ရှိရကြောင်း သိရသည်။ပြင်သစ် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန စသည့် သက်ဆိုင်ရာဌာနများက အများပြည်သူ ကျန်းမာရေးအတွက် ၎င်းမွေးမြူရေးခြံရှိ မြွေပါ အကောင် ၁,၀၀၀ကို ချက်ချင်းရှင်းလင်းပစ်ရန် နှင့် သက်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများအားလုံးကို ဖျက်ဆီးပစ်ရန် တာဝန်ပေးထားကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့၏ မြင်ကွင်းတစ်နေရာအား နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (Xinhua/Gao Jing)

ကြေညာချက်အရ သုတေသီများ စစ်ဆေးပြီးသော အခြား မွေးမြူရေးခြံတစ်ခုတွင် ကူးစက်မှုကို မတွေ့ရှိရကြောင်း ၊ ကျန်မွေးမြူရေးခြံနှစ်ခုကို ဓါတ်ခွဲ နမူနာယူ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မွေးမြူရေးခြံ ၄ ခုလုံးတွင်ရှိသော အလုပ်သမား ဝန်ထမ်းများကို ကိုရိုနာဗိုင်းရပ်စစ်ဆေးမှုခံယူခဲ့ရာ အားလုံး negativeဖြစ်ကြောင်း သိရသည်။သတင်းများအရ ဒိန်းမတ်၊ နယ်သာလန်၊ စပိန် စသည့် နိုင်ငံများရှိ မွေးမြူရေးခြံများတွင် မြွေပါ များ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.