Connect with us

ASEAN

သီရိလင်္ကာ နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် အောင်မြင်မှု ရရှိခဲ့ခြင်းအပေါ် လေးစားမိကြောင်း ပြောကြား

တရုတ် နိုင်ငံ မှ သီရိလင်္ကာ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ဒုတိယ အသုတ် ကူညီထောက်ပံ့မှု ပစ္စည်းများ ပေးအပ်စဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံ သမ္မတ Gotabaya Rajapaksa က သီရိလင်္ကာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ရရှိခဲ့သည့် အောင်မြင်မှု နှင့် ပတ်သက်၍ လွန်စွာ လေးစားမိပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ဦးဆောင်ဦးရွက်မှု ကို ခိုင်မြဲစွာ ထောက်ခံသွားမည် ဖြစ်ကြောင်း ဧပြီ ၂၉ ရက်တွင် ပြောကြား ခဲ့သည်။

သီရိလင်္ကာ နိုင်ငံ သမ္မတ Gotabaya Rajapaksa က သီရိလင်္ကာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယာယီတာဝန်ခံ ဟူဝေ အား တွေ့စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး သီရိလင်္ကာ-တရုတ် နှစ်နိုင်ငံ ကပ်ရောဂါ အတူတကွ တိုက်ဖျက်ရေး ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု တို့နှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ Rajapaksa က သီရိလင်္ကာ နိုင်ငံ အနေဖြင့် မည်သည့် အချိန်မှ သီရိလင်္ကာ နိုင်ငံ ပြည်တွင်းစစ် ဖြစ်ပွားချိန် ၊ ပြည်တွင်းစစ်အပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ဆောင်ရွက်ချိန် နှင့် ဆူနာမီ အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ချိန်များတွင် တရုတ် နိုင်ငံ မှ ပေးအပ်ခဲ့သည့် ကြီးမားသည့် ကူညီထောက်ပံ့မှုများကို မမေ့ခဲ့ကြောင်း ၊ သီရိလင်္ကာ နိုင်ငံ အနေဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် တရုတ် နိုင်ငံ မှ ရက်ရက်ရောရော ကူညီထောက်ပံ့မှုများ အပေါ် လွန်စွာ ကျေးဇူးတင်လိုပြီး တရုတ် နိုင်ငံ နှင့် ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ပိုမို ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ၊ ထို့ပြင် သီရိလင်္ကာ နိုင်ငံ စီးပွားရေး ပြန်လည်ထူထောင်ရေး နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တွင် တရုတ် နိုင်ငံ ၏ ပိုမို ထောက်ခံအားပေးမှု ကို မျှော်လင့်ပြီး ကပ်ရောဂါ အပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး ကို ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ဟူဝေ က တရုတ် နိုင်ငံ အနေဖြင့် သီရိလင်္ကာ နိုင်ငံ နှင့် ဆက်ဆံရေး အား လွန်စွာ အလေးထားပြီး တရုတ် နိုင်ငံ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်တွင် သီရိလင်္ကာ နိုင်ငံ ၏ ထောက်ခံအားပေးမှု အပေါ် ကျေးဇူးတင်လိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ သီရိလင်္ကာ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အစွမ်းကုန် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ကို အခြေခံ၍ နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ကာ အတူတကွ အခက်အခဲများအား ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.