Connect with us

ASEAN

COVID-19 တိုက်ဖျက်ရေးတွင် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မည်ဟု အာဆီယံ အတွင်းရေးမှူးချုပ်ပြောကြား

အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) အထွေထွေ အတွင်းရေးမှူး Lim Jock Hoi က ဧပြီ ၂၁ ရက်တွင် ဂျကာတာမြို့၌ မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ(ASEAN) အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi က ဆေးဘက်ဆိုင်ရာအသုံးအဆောင်များ ထောက်ပံ့ကူညီပေးခဲ့သည့်အတွက် တရုတ်နိုင်ငံအစိုးရအား ကျေးဇူးတင်ရှိကြောင်း နှင့် COVID-19 တိုက်ဖျက်ရေးတွင် အာဆီယံ နှင့် တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရသည် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး(ASEC) သို့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ လှူဒါန်းခဲ့ရာ ယင်းတို့ထဲတွင် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၇၅,၀၀၀ ခု ၊ လက်ဆေးရည် ပုလင်း ၃၀၀ နှင့် အပူချိန်တိုင်းကိရိယာ ၃၅ ခု ပါဝင်ကြောင်း သိရသည်။

အာဆီယံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးDeng Xijunက ဧပြီ ၂၁ ရက်တွင် ဂျကာတာမြို့၌ မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ပြုလုပ်သော အဆိုပါပေးအပ်လှူဒါန်းပွဲတွင် အာဆီယံအတွင်းရေးမှူးချုပ် Lim က COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ချိန်မှစတင်ကာ အာဆီယံ နှင့် တရုတ်နိုင်ငံအကြား အမျိုးသားအဆင့် နှင့် ဒေသတွင်းအဆင့် ကျန်းမာရေး နှင့် အခြားဆက်စပ်သော ကိစ္စရပ်များတွင် ကပ်ရောဂါ တုံ့ပြန်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပွင့်လင်းမြင်သာမှုရှိရှိ ၊ အချိန်နှင့်တစ်ပြေးညီ နည်းပညာပိုင်းဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများ နှင့် သတင်းအချက်အလက် အပြန်အလှန်မျှဝေမှုများ လုပ်ဆောင်ခဲ့ခြင်းနှင့်အတူ အာဆီယံ နှင့် တရုတ် နိုင်ငံတို့သည် ပြည်သူ့ကျန်းမာရေး ၊ ကုန်သွယ်ရေး နှင့် ခရီးသွားလုပ်ငန်းများတွင် ကပ်ရောဂါ သက်ရောက်မှု လျော့ပါးအောင် ထိထိရောက်ရောက်ဆောင်ရွက်ခဲ့သည်။ တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုများသည် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းပေါင်း ၃၀၀ ကျော်အတွက် အထောက်အပံ့ဖြစ်စေခဲ့ကြောင်းလည်း အတွင်းရေးမှူးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

အာဆီယံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Deng Xijun က တရုတ်နိုင်ငံအစိုးရအနေဖြင့် ခက်ခဲသောကာလများတွင် တရုတ်နိုင်ငံသည် အာဆီယံနှင့်အတူ အစဉ်အမြဲရပ်တည်ခဲ့သည့်အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ နှာခေါင်းစည်းများ ၊ လက်ဆေးရည်များ နှင့် အပူချိန်တိုင်းကိရိယာများ လှူဒါန်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ အနာဂတ်မှာ တရုတ် နဲ့ အာဆီယံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ အနီးကပ်ဆက်ဆံမှု ရှိနေမယ့်အကြောင်းကို မီးမောင်းထိုးပြခြင်းပါပဲ” ဟု သံအမတ်ကြီး Deng က ဆိုသည်။အာဆီယံအသင်း ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် kung Phoak ကလည်း ကပ်ရောဂါတိုက်ဖျက်ရေးတွင် အာဆီယံ နှင့် တရုတ် နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် မီးမောင်းထိုးပြောကြားခဲ့ပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ တရုတ်နိုင်ငံ၏ အချိန်နှင့်တစ်ပြေးညီ ပေးအပ်လှူဒါန်းမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)