Connect with us

ASEAN

မလေးရှား နိုင်ငံ၌ COVID-19 ‌ရောဂါ ဖြစ်ပွားသူ ကျဆင်းသွားပြီးနောက် စီးပွားရေး  ၊ လူမှုရေး လှုပ်ရှားမှု အများစု ပြန်လည် ဖွင့်လှစ်မည် 

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဈေးဝယ်သူများ စင်တာအတွင်းသို့ မဝင်ရောက်မီ ကိုယ်ပူချိန် တိုင်းတာ စစ်ဆေးမှုများ ပြုလုပ်နေသည်ကို မတ်လ အတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ မေ ၁ ရက်(ဆင်ဟွာ)

မလေးရှား နိုင်ငံ၌ လတ်တလောတွင် COVID-19 ‌ရောဂါ ဖြစ်ပွားမှု ကျဆင်းသွားပြီးနောက် စီးပွားရေး လုပ်ငန်းကြီးများ နှင့် လူမှုရေး လှုပ်ရှားဆောင်ရွက်မှု အများစုကို ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယနေ့ မေ ၁ ရက်တွင် မလေးရှား နိုင်ငံ ဝန်ကြီးချုပ် Muhyiddin Yassin က ပြောကြားခဲ့သည်။

သို့သော်လည်း လူစုလူဝေး ကြီးမားသော စုရုံးမှုများ ၊ နီးကပ်စွာ ထိတွေ့မှုများ ရှိသည့် စီးပွားရေး ၊ လူမှုရေး နှင့် ဘာသာရေး လှုပ်ရှားဆောင်ရွက်မှုများအား ခွင့်မပြုသေးကြောင်း နှင့် စာသင်ကျောင်းများအားလုံး ယခုလတ်တလော အချိန်တွင် ဆက်လက် ပိတ်ထားရမည် ဖြစ်ကြောင်း ၎င်းက ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ 

မလေးရှားနိုင်ငံ၌ ဧပြီ ၃၀ ရက်အထိ COVID-19 ရောဂါ ဖြစ်ပွားသူ အရေအတွက်မှာ စုစုပေါင်း ၆,၀၀၂ ဦး ရှိသည့်အနက် ၄,၁၇၁ ဦးမှာ ဆေးရုံမှ ဆင်းသွားခဲ့ပြီ ဖြစ်ကာ သေဆုံးသူ အရေအတွက်မှာ ၁၀၂ ဦး ရှိခဲ့ကြောင်း ၊ ရောဂါ ပြန်လည်ကောင်းမွန်လာသူများမှာ ရောဂါ ဖြစ်ပွားသူ လူနာသစ်ထက် ဆက်တိုက် ကျော်လွန်နေမှု နှင့်အတူ ယခုရက်ပိုင်းတွင် နေ့စဉ် ရောဂါ ဖြစ်ပွားသည့် လူနာသစ် တိုးလာသည့် အရေအတွက်မှာ ဆယ်ဂဏန်းသာ ကျန်ရှိတော့ကြောင်း သိရသည်။ 

မလေးရှား နိုင်ငံ၌ မတ် ၁၈ ရက်မှ စတင်၍ ဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ရေး အတွက် လှုပ်ရှားမှု ထိန်းချုပ်ရေး အမိန့်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  (Xinhua)