Connect with us

CHINA

 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အာဖရိကနိုင်ငံများသို့  ပိုမိုအားဖြည့်ကူညီဆောင်ရွက်ပေးသင့်ကြောင်း သမ္မတရှီ ပြောကြား 

တရုတ်နိုင်ငံမှ အာဖရိကနိုင်ငံများသို့ ပေးပို့ခဲ့သော ဆေးဘက်ဆိုင်ရာအထောက်အကူ ပစ္စည်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၁၉ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မေ ၁၈ ရက် ညပိုင်းက (၇၃) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ ဗွီဒီယို ကွန်ဖရင့်သို့ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

ထိုသို့ ပြောကြားရာတွင် သမ္မတရှီက အာဖရိကနိုင်ငံများအတွက် ပံ့ပိုးကူညီမှုများကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အာဖရိကနိုင်ငံများ၏ အမျိုးသားပြည်သူ့ကျန်းမာရေးစနစ်သည် အားနည်းချက်ရှိရာ ၎င်းတို့အတွက် ခိုင်မာသည့် ရောဂါကာကွယ်ရေးလမ်းကြောင်းကို တည်ဆောက်ရန် နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်ရေး၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊  မိမိတို့အနေဖြင့် အာဖရိကနိုင်ငံများသို့ ထောက်ပံ့ရေးပစ္စည်းများကူညီပံ့ပိုးခြင်း၊ နည်းပညာ၊ လူအင်အား ပံ့ပိုးပေးခြင်းများ ဆောင်ရွက်သင့်ကြောင်း ၎င်းက ထည့်သွင်းအကြုံပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အာဖရိကနိုင်ငံပေါင်း ၅၀ ကျော်နှင့် အာဖရိက သမဂ္ဂသို့ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းပေါင်း များစွာကို  ပံ့ပိုးကူညီခဲ့ပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ ၅ ဖွဲ့ သီးသန့် စေလွှတ်ကူညီစေခဲ့ကြောင်း၊  ပြီးခဲ့သော  နှစ်ပေါင်း ၇၀ ကာလအတွင်း အာဖရိကအခြေစိုက် တရုတ်နိုင်ငံ ဆေးကုသရေးအဖွဲ့သည် အာဖရိကတိုက်ရှိ လူပေါင်း သန်းနှစ်ရာကျော်ကို ဆေးကုသရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့သလို  လက်ရှိ အာဖရိကအခြေစိုက် တရုတ်နိုင်ငံဆေးကုသရေးအဖွဲ့ ၄၆ ဖွဲ့သည် ယင်းဒေသတွင်ရှိသော ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

တရုတ်နိုင်ငံသည် အာဖရိကရှိ သက်ဆိုင်ရာဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စနစ် ၃၀ ကို တည်ဆောက်သွားမည်ဖြစ်ပြီး အာဖရိကရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို ဌာနချုပ်ကို အရှိန်မြှင့်တင် တည်ဆောက်၍ အာဖရိကတိုက်၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စွမ်းရည်ကို ကူညီမြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန် ထည့်သွင်းပြောကြားခဲ့သည်။  (Xinhua)

သမ္မတရှီကျင့်ဖိန်၏ (၇၃) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ ဗွီဒီယို ကွန်ဖရင့်တွင် ပြောကြားသော မိန့်ခွန်းအား အောက်ပါလင့်ခ်မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။ https://xinhuamyanmar.com/statistics/covid-19/china-covid19/27605-2020-05-19-08-11-07

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.