Connect with us

INTERNATIONAL ORGANIZATION

(နိုင်ငံတကာကပ်ရောဂါသတင်းစုစည်းချက်) အရှေ့အလယ်ပိုင်းဒေသအချို့နိုင်ငံများတွင် ကပ်ရောဂါအခြေအနေ ပြန်လည်ဆိုးရွားလာခဲ့ပြီး နိုင်ငံအများက ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းအား ဆက်လက်၍တွန်းအားပေးဆောင်ရွက်နေ

အစ္စရေးနိုင်ငံ အလယ်ပိုင်း Modi'in မြို့တွင် အမျိုးသားတစ်ဦးအား COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးနေစဉ်(ဆင်ဟွာ)

ရာမာလာ ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံများ၏ ဧပြီ ၁၉ ရက် COVID-19 ကပ်ရောဂါဆိုင်ရာ ထုတ်ပြန်ကြေညာချက်များအရ နိုင်ငံအသီးသီး၏ ကပ်ရောဂါအခြေအနေမှာ ကွဲပြားမှုများရှိနေကြပြီး အချို့နိုင်ငံများတွင် ကပ်ရောဂါအခြေအနေတစ်ကြော့ပြန် ဆိုးရွားမြင့်တက်လာခဲ့ကာ ရောဂါထပ်မံကူးစက်ခံရသူအရေအတွက်မှာလည်း မြင့်မားသည့် အခြေအနေတွင်ရှိနေကြောင်း ၊ အချို့နိုင်ငံများကမူ ကပ်ရောဂါအခြေအနေက သိသာထင်ရှားစွာ ကောင်းမွန်သည့်အလားအလာသို့ ဦးတည်နေပြီး ရောဂါထပ်မံကူးစက်ခံရသူဦးရေက သိသာစွာကျဆင်းလာခဲ့ကြောင်း ၊ တစ်ချိန်တည်းတွင်လည်း အရှေ့အလယ်ပိုင်းဒေသနိုင်ငံအများက ဆက်လက်၍ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းအား တွန်းအားပေးဆောင်ရွက်နေကြကြောင်း ဆင်ဟွာသတင်းဌာန သတင်းထောက်များအား သတင်းပေးပို့ချက်အရ သိရှိခဲ့ရသည်။

အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအသီးသီး၏ ဧပြီ ၁၉ ရက်ထုတ်ပြန်ကြေညာချက်အရ COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေများပြားသည့်နိုင်ငံများမှာ တူရကီ ၊ အီရန် နှင့် အီရတ် နိုင်ငံတို့ဖြစ်ကြကြောင်း ၊ ယင်းနိုင်ငံများအနက် တူရကီနိုင်ငံတွင် အများဆုံးဖြစ်ပြီး COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေ ၅၅,၁၄၉ ဦးရှိကြောင်း ၊ တူရကီနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများတွင် COVID-19 ရောဂါကူးစက်ခံရသူအများဆုံးဖြစ်ပွားခဲ့သည့် နိုင်ငံဖြစ်ပြီး ရောဂါကူးစက်ခံရသူဦးရေစုစုပေါင်း ၄,၃၂၃,၅၉၆ ဦးရှိကြောင်း ၊ အီရန်နိုင်ငံတွင် ဧပြီ ၁၉ ရက်၌ ရောဂါထပ်မံကူးစက်ခံရသူ ၂၄,၃၄၆ ဦးရှီခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၂,၂၆၁,၄၃၅ ဦးအထိရှိလာကြောင်း ၊ အလားတူအီရတ်နိုင်ငံတွင် ရောဂါထပ်မံကူးစက်ခံရသူ ၇,၇၇၅ ဦးရှိကာ ရောဂါကူးစက်ခံရသူစုစုပေါင်း ၉၈၄,၉၅၀ ဦးသို့ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
ဆော်ဒီအာရေဗျနိုင်ငံတွင် လတ်တလောရက်ပိုင်းအတွင်း COVID-19 ရောဂါ ကူးစက်မှုက ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူလူထုများအနေဖြင့် ကပ်ရောဂါကာကွယ်ရေးအား ဆက်လက်၍ ပေါ့လျော့စွာလုပ်ဆောင်နေပါက အစိုးရအနေဖြင့် လူနေရက်ကွက်များအား ပိတ်ဆို့မှုဆောင်ရွက်သွားဖွယ်ရှိကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံတွင် ဧပြီ ၁၉ ရက်၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၉၇၀ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၄၀၅,၉၄၀ ဦးအထိရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြောင်ဒေသတွင် ကပ်ရောဂါအခြေအနေ ပြင်းထန်နေဆဲဖြစ်ပြီး ရောဂါထပ်မံကူးစက်ခံရမှုကလည်း မြင့်မားနေဆဲဖြစ်ကြောင်းသိရှိရသည်။ ပါလက်စတိုင်းနိုင်ငံ ဒေသတွင်းကျန်းမာရေးပညာရှင်များ၏ ပြောကြားချက်အရ ဂါဇာဒေသတွင် ကပ်ရောဂါဆက်လက်ပြန့်ပွားနေသည့် အဓိကအကြောင်းအရင်းမှာ ဗီဇပြောင်း COVID-19 ရောဂါပိုး ဝင်ရောက်လာခြင်းနှင့်သက်ဆိုင်ကြောင်း သိရှိရသည်။ ပါလက်စတိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၁၉ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁,၅၂၉ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၃၁၁,၀၉၆ ဦးရှိလာခဲ့ကြောင်း ၊ ၎င်းတို့အနက်ဂါဇာဒေသ၌ ရောဂါထပ်မံကူးစက်ခံရသူဦးရေမှာ ၉၉၈ ဦးဖြစ်ခဲ့ပြီး စုစုပေါင်း ရောဂါကူးစက်ခံရသူမှာ ၉၁,၀၈၆ ဦးဖြစ်ကြောင်း သိရှိရသည်။
မော်ရိုကို နှင့် အစ္စရေးစသည့်နိုင်ငံတို့တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေမှာ သိသာစွာ ကျဆင်းလာခဲ့ကြောင်းသိရှိရသည်။ မော်ရိုကို တွင် ရောဂါထပ်မံကူးစက်ခံရူ ၁၃၈ ဦးရှိခဲ့ပြီး အစ္စရေးနိုင်ငံတွင် ရောဂါထပ်မံကူးစက်ခံရကြောင်း ၁၈၇ ဦးရှိကြောင်း ၊ COVID-19 ရောဂါ ကာကွယ်ဆေး လုံလောက်စွာထောက်ပံ့နိုင်မှု ၊ ပြည်သူလူထုက ကာကွယ်ဆေးထိုးနှံမှုခံယူခြင်း မြင့်မားမှုတို့ကြောင်း မော်ရိုကို နှင့် အစ္စရေး နိုင်ငံများသည် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများတွင် ကပ်ရောဂါအား ကောင်းမွန်စွာ ထိန်းချုပ်နိုင်သော နိုင်ငံဖြစ်ခဲ့ကြကြောင်း သိရှိရသည်။

ဧပြီ ၁၉ ရက်အချိန်ထိ အစ္စရေးနိုင်ငံတွင် လူပေါင်း ၅.၃၅ သန်းက ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ကြပြီး ယင်းမှာနိုင်ငံစုစုပေါင်း လူဦးရေ၏ ၅၇.၄ ရာခိုင်နှုန်းဖြစ်ကြောင်း ၊ ကပ်ရောဂါအခြေအနေ ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ အစ္စရေးနိုင်ငံတွင် ကန့်သတ်မှုများ ဆက်လက်၍ ဖြေလျှော့ပေးလာခဲ့ကြောင်း ၊ အစ္စရေးနိုင်ငံအစိုးရက ဧပြီ ၁၈ ရက်မှစတင်၍ အခြေခံပညာ စာသင်ကျောင်းများကို ကျောင်း၌ပြန်လည် စာပေသင်ကြားခွင့်ပေးခဲ့ပြီး နေအိမ်ပြင်ပ၌ နှာခေါင်းစည်းတပ်ဆင်ခြင်းကို မဖြစ်မနေ လုပ်ဆောင်ရန်မလိုသောလည်း အခန်းတွင်း၌ နှာခေါင်းစည်းတပ်ဆင်ခြင်းကို ဆက်လက်၍ လုပ်ဆောင်စေခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများက ကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းအား ဆက်လက်၍ တွန်းအားပေးဆောင်ရွက်နေကြသည်။ အီရန်နိုင်ငံကျန်းမာရေးဝန်ကြီး Namaki က ဧပြီ ၁၉ ရက်၌ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံး တင်သွင်းထားသော COVID-19 ရောဂါကာကွယ်ဆေး အခုရေ တစ်သန်းကို သက်ဆိုင်ရာဌာနများသို့ခွဲဝေပေးသွားမည်ဖြစ်ပြီး ယခုအပတ်အတွင်း သို့မဟုတ် လာမည့်အပတ်အစပိုင်းအချိန်တွင် လူပေါင်း တစ်သန်းအတွက် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ လက်ရှိချိန်ထိ အီရန်နိုင်ငံဒေသအသီးသီးတွင် COVID-19 ရောဂါကာကွယ်ဆေး အခုရေ ၅၅၀,၁၃၁ ကို ထိုးနှံပေးပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
တူရကီနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ဧပြီ ၁၉ ရက်အချိန်ထိ တူရကီနိုင်ငံတွင် ကာကွယ်ဆေး အခုရေ ၂၀.၁၆ သန်းကို ထိုးနှံပေးပြီးခဲ့ပြီး လူပေါင်း ၁၂.၃၂ သန်း ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ကာ ၎င်းတို့အနက်လူပေါင်း ၇.၈၃ သန်းက ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးခဲ့ကြောင်း သိရှိရသည်။

လက်ဘနွန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၉ ရက်၌ အစိုးရဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းအား စတင်ဆောင်ရွက်ပေးခဲ့ပြီး ရည်မှန်းချက်အနေဖြင့် လာမည့်လအနည်းငယ်အတွင်း ဝန်ထမ်းစုစုပေါင်း၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးနှံမှုပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဂျော်ဒန်နိုင်ငံ အမျိုးသားလုံခြုံရေး နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာ၏ ဧပြီ ၁၉ ရက်ထုတ်ပြန်ကြေညာချက်အရ နိုင်ငံအတွင်း လူပေါင်း ၆၀၇,၀၀၀ ကျော်က ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ကြပြီး လူပေါင်း ၁၂၄,၀၀၀ ကျော်က ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးကြောင်း သိရှိရသည်။

အိုမန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၁၉ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့အထိ နိုင်ငံအတွင်း လူပေါင်း ၁၉၈,၅၆၃ ဦးက ကာကွယ်ဆေးထိုးနှံမှုခံယူပြီးကြောင်း သိရှိရပြီး ကာတာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ဧပြီ ၁၉ ရက်အချိန်ထိ ပြည်သူပေါင်း ၁,၂၇၁,၄၇၈ ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ (Xinhua)

——————————————-
(English Version)
(国际疫情)综合消息:中东部分国家疫情严重反弹 多国继续推进疫苗接种
2021-04-20 10:50:28 分类: 医药卫生
  新华社拉姆安拉4月19日电综合新华社驻中东地区记者报道:中东地区国家19日发布的新冠疫情数据显示,各国疫情走势不一,一些国家疫情严重反弹,新增确诊病例数继续在高位徘徊;也有一些国家疫情向好趋势明显,新增确诊病例数显著下降。与此同时,中东多国继续推进新冠疫苗接种工作。
  当天数据显示,新增确诊病例数居中东前几位的国家分别是土耳其、伊朗、伊拉克。其中土耳其最多,新增确诊病例55149例。土耳其也是中东累计确诊病例最多的国家,累计确诊4323596例。伊朗新增确诊病例24346例,累计确诊2261435例;伊拉克新增7775例,累计确诊984950例。
  沙特阿拉伯近期新冠感染率有所上升。沙特内政部警告,如果公众继续放松防疫,政府将可能对社区实施封锁。当天,沙特报告新增确诊病例970例,累计确诊405940例。
  巴勒斯坦加沙地带疫情仍然严峻,新增病例数居高不下。当地卫生专家说,加沙地带疫情肆虐主要与变异新冠病毒输入有关。巴卫生部当天报告全国新增确诊病例1529例,累计确诊311096例。其中,加沙地带新增确诊病例998例,累计确诊91086例。
  摩洛哥、以色列等国新增确诊病例数当天显著下降。摩洛哥新增确诊病例138例,以色列新增187例。由于疫苗供应充足,民众接种率较高,摩洛哥、以色列已成为中东疫情控制较好的国家。
  截至19日,以色列累计已有逾535万人接种了疫苗,约占全国总人口的57.4%。随着疫情好转,该国进一步放松限制措施。根据以色列政府安排,从18日起,中小学全面恢复线下授课;不再强制在户外戴口罩,但仍要求在室内戴口罩。
  目前,中东多国继续推进疫苗接种工作。伊朗卫生部长纳马基19日表示,卫生部门将尽快把进口的100万剂新冠疫苗分发到位,争取本周末或下周初为100万人接种。截至目前,伊朗各地累计已接种新冠疫苗550131剂。
  据土耳其卫生部新冠疫苗信息平台19日数据,土耳其累计完成超2016万剂新冠疫苗的接种工作,累计接种超1232万人,其中超783万人完成了两剂接种。
  黎巴嫩卫生部19日启动了针对政府部门工作人员的疫苗接种工作。黎卫生部的目标是在今后几个月将接种率提高到60%至70%。
  约旦国家安全与危机管理中心19日表示,截至目前,该国已有超60.7万民众接种了第一剂新冠疫苗,超12.4万人接种了第二剂。
  阿曼卫生部19日表示,迄今全国共有198563人接种了疫苗。卡塔尔卫生部当天数据显示,政府已为民众接种了1271478剂疫苗。(执笔记者:熊思浩;参与记者:郑思远、王峰、高文成、张淼、冀泽、胡冠、尚昊、陈斌杰、刘宗亚、黄灵、王薇、苏小坡、杨元勇、李碧念、潘晓菁、马意翀、王尚)(完)
Photo
12月27日,在以色列中部城市莫迪因,一名男子接种新冠疫苗。新华社发(吉尔•科恩•马根摄)