Connect with us

INTERNATIONAL ORGANIZATION

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒကို ခိုင်မြဲစွာ ဆန့်ကျင်သွားရမည်ဖြစ်ကြောင်း တရုတ် နိုင်ငံ ပြောကြား

၂၀၁၉ ခုနှစ် မေလက ဗီယင်နာမြို့ရှိ ကုလသမဂ္ဂရုံးတွင် ကျင်းပ ပြုလုပ်သော အစည်းအဝေး တစ်ခုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်နာ ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

ဗီယင်နာမြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ နိုဝင်ဘာ ၃၀ ရက်က ကျင်းပသည့် ကုလသမဂ္ဂ နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများပါဝင်သော “COVID-19 ကပ်ရောဂါအောက်တွင် တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုများကြောင့်ဖြစ်ပွားခဲ့သည့် သက်ရောက်မှု” ဗီဒီယို ကွန်ဖရန့် အစည်းအဝေးတွင် တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဝမ်ချွင် က မိန့်ခွန်းပြောကြားခဲ့ပြီး ၎င်းက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒ နှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ချက်များကို အတူတကွ ကန့်ကွက်သွားရမည်ဖြစ်ကြောင်း နှင့် အတူတကွ အားအင်များစုစည်း၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမူဝါဒ နှင့် နိုင်ငံတကာ တန်းတူညီမျှသည့် ဘုံသဘောတူညီချက်ကို ထိန်းသိမ်းကာကွယ်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယခုအကြိမ်အစည်းအဝေးအား အီရန် ၊ ကျူးဘား ၊ ဗင်နီဇွဲလား တို့က ဦးစီးကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တရုတ် ၊ ရုရှား ၊ ပါကစ္စတန် ၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် ၊ တောင်အာဖရိက နှင့် ဘီလာရုစ်စသည့် နိုင်ငံပေါင်း ၄၀ ကျော် မှ သံအမတ်ကြီးတို့ ပါဝင် တက်ရောက်ခဲ့ကြပြီး နိုင်ငံပေါင်း ၂၀ ကျော် မှ ကိုယ်စားလှယ် တို့က မိန့်ခွန်းပြောကြားခဲ့ကြသည်။

တရုတ်နိုင်ငံသံအမတ်ကြီး ဝမ်ချွင် က မိန့်ခွန်းပြောကြားရာတွင် တစ်ဖက်သတ်အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခြင်းသည် အမေရိကန် နိုင်ငံ ၏ နိုင်ငံခြားရေးဝါဒဖြစ်ပြီး အခြားနိုင်ငံများအပေါ်အနိုင်ကျင့်သည့် ဆောင်ရွက်မှုတစ်မျိုးသာဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ နှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တွင် အမေရိကန် နိုင်ငံအနေဖြင့် ယင်ကဲ့သို့သော အပြုအမူကို လျှော့ပေါ့ဆောင်ရွက်ခြင်း မပြုသည့် အပြင် ပိုမိုပြင်းထန်းစွာ အသုံးချလာခဲ့ကြောင်း ၊ တစ်ဖက်သတ်အရေးယူပိတ်ဆို့မှု၏ အမျိုးအစားများကို ပိုမိုတိုးချဲ့က ဆောင်ရွက်လာခဲ့ပြီး အမေရိကန်နိုင်ငံက မှားယွင်းနေသည့် လမ်းကြောင်းပေါ်တွင် တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာခဲ့ကြောင်း ၊ ကပ်ရောဂါ ဖြစ်ပွားနေသည့် အခြေအနေအောက်တွင်အမေရိကန် နိုင်ငံ၏ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှု ၏ သက်ရောက်မှုသည် အခြေအနေကို ပိုမို ဆိုးရွားလာစေခဲ့ပြီး အန္တရာယ်လည်း ပိုမိုကြီးမားလာစေခဲ့ကြောင်း ၊ အမေရိကန်နိုင်ငံ ၏ ဆောင်ရွက်မှုသည် သက်ဆိုင်ရာနိုင်ငံအများ၏ စီးပွားရေးကို ပိုမိုဆိုးရွားလာစေခဲ့ပြီးကပ်ရောဂါ တိုက်ဖျက်နိုင်ရန်အတွက် အရည်အချင်းများကိုလည်း ကျဆင်းစေခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ၏ ဆောင်ရွက်မှုသည် သက်ဆိုင်ရာနိုင်ငံများ၏ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံအုပ်ချုပ်မှုပုံစံကိုလည်း ထိခိုက်စေခဲ့ကြောင်း ၊ အမေရိကန်နိုင်ငံ ၏ ဆောင်ရွက်မှုသည် ကမ္ဘာ့စီးပွားရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ကို နှေးကွေးစေခဲ့ပြီး နိုင်ငံတကာစည်းလုံးညီညွတ်မှုကို ပျက်ပြားစေကာ တရားမျှတမှု နှင့် နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးကိုလည်း ဖျက်ဆီးရာရောက်ကြောင်းပြောကြား ခဲ့သည်။
ထို့ပြင် ဝမ်ချွင် က ကပ်ရောဂါ နှင့် ရင်ဆိုင်ချိန်တွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရိုးသားဖြောင့်မတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်၍ အပြန်အလှန် ဘေးမကူညီကြရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် သဘောထားကွဲလွဲမှုများကို ဖယ်ရှား၍ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲစွာ တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လူသားတို့၏ အတူတကွကျန်းမာရေးကို အဓိက ဦးစွားပေးပြီး COVID-19 ရောဂါ ကာကွယ်ဆေး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပြည်သူများအသုံးပြုနိုင်သော အများပြည်သူဆိုင်ရာ ကုန်ပစ္စည်းအဖြစ် သို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အစည်းအဝေး အပြီး၌ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုဆောင်ရွက်မှုများသည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ၊ နိုင်ငံတကာဆက်ဆံရေး၏ အခြေခံလမ်းညွှန်မှုများကို ဆိုးရွားစွာ ချိုးဖောက်ရာရောက်ကြောင်း ၊ ကပ်ရောဂါဖြစ်ပွားနေချိန်တွင် သက်ဆိုင်ရာနိုင်ငံ အသီးသီးအနေဖြင့် သဘောထားကွဲလွဲမှုကိုဖယ်ရှားကာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ နိုင်ငံအသီးသီးအနေဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေးတွင် အာရုံစိုက်ရမည်ဖြစ်ကြောင်း ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမူဝါဒ ကို ခိုင်မြဲစွာ လျှောက်လှမ်းပြီး ကုလသမဂ္ဂ ကို အဓိကထားသည့် နိုင်ငံတကာ အစိုးရစနစ်ကို ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)