Connect with us

MYANMAR

ပြည်ထောင်စု နယ်မြေအတွင်း လူစုလူဝေးမပြုလုပ်ရေးဆိုင်ရာ အမိန့်အား သြဂုတ်လ လယ်ထိ တိုးမြှင့် သတ်မှတ်

နေပြည်တော်၏ အဓိကရ နေရာတစ်ခု ဖြစ်သည့် သပြေကုန်းအဝိုင်းကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စု နယ်မြေ အတွင်း COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် နေပြည် တော် ကောင်စီက ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၄ ရက်နေ့ထုတ်ပြန်ချက် အမိန့်အမှတ် (၇၆/ ၂၀၂၀)ပါ အမိန့်ကြေညာစာအား သြဂုတ်လ ၁၅ ရက်နေ့ အထိ ရက်တိုးမြှင့် သတ်မှတ်လိုက်ကြောင်း နေ ပြည်တော် ကောင်စီ ဥက္ကဌဒေါက်တာမျိုးအောင်က ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

ယခင် အမိန့်ကြေညာစာ၌ “COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ ဌာန အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အများ ပြည်သူများ အနေဖြင့် လူစု လူဝေးဖြင့် ကျင်းပ ပြုလုပ်ရမည့် အခမ်းအနားများ၊ ပွဲလမ်း သဘင်များ မပြုလုပ်ရန်၊ ရုပ်ရှင်ရုံများ၊ ဘော်ဒါဆောင်များ၊ မူကြိုကျောင်းများ ဖွင့်လှစ်ခြင်း မပြုလုပ်ရန်” ဟူ၍ဖော်ပြ ပါရှိခဲ့ပြီး ကာလ သတ်မှတ်ရက်မှာ ယခင် ဇူလိုင်လ ၃၁ ရက်နေ့ အတည်ဖြစ်ခဲ့ရာမှ ယနေ့ ထပ်မံ ထုတ်ပြန် သော အမိန့်ကြေညာစာအရ သြဂုတ်လ (၁၅) ရက်နေ့သို့ရက်တိုးသွားခြင်း ဖြစ်သည်။ 

ထိုသို့ ရက်တိုးမြှင့်ခြင်းအပေါ် နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းက “ကျွန်တော်တို့ တိုင်းပြည်က ဆင်းရဲတော့ တကယ်လို့များ ရောဂါတွေ ပြန့်ပွားလာရင် သူများနိုင်ငံတွေလို ငွေ မဖြုန်းနိုင်ဘူး၊ အခုလည်း quarantine ဝင်တာတို့၊ ဆေးစစ်တာတို့ကအစ နိုင်ငံတော်က အကုန် အကျခံပေးနေတာ၊ ဒီတော့ စိုးရိမ်စရာတွေ ဖြစ်မလာခင် အခုလို ကြိုကြိုတင်တင် ဆောင်ရွက် ထားနိုင်မှ တော်ကာကျမှာလေ၊ အထူးသဖြင့် social distancing ကို လိုက်နာဖို့က အရေးကြီးတဲ့ အတွက် တိုင်းပြည်နဲ့ ပြည်သူ့ အကျိုးအတွက် အခုလို ရက်တိုးတာဟာ ကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။ (Xinhua)